ပခုက္ကူ၊ ဧပြီ ၆
မကွေးတိုင်းဒေသကြီးသည် ယခုရက်ပိုင်းအတွင်းကမ္ဘာ့အပူဆုံးဒေသစာရင်း၌ပါဝင်လျက်ရှိပြီး ပခုက္ကူမြို့နယ်တွင်လည်း အပူချိန်မြင့်တက်လာမှုတို့ကြောင့် ဒေသခံပြည်သူများအနေဖြင့် နွေရာသီကာလအပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး ရည်ရွယ်၍ အပူရှောင်စခန်း ၁ခု ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည်။
ပခုက္ကူမြို့နယ်အတွင်း အပူချိန်မြင့်တက်လာမှုကြောင့် မိမိတို့နေအိမ်များ၌ နေထိုင်ရန်ခက်ခဲပြီး အပူဒဏ်ကာကွယ်နိုင် ရေး တိမ်းရှောင်ရန်လိုအပ်သူများ၊ သက်ကြီးရွယ်အိုဘိုးဘွားများ၊ ကျန်းမာရေးအားနည်းသူများအတွက် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၏ဦးဆောင်ကြီးကြပ်မှုဖြင့် ဧပြီလ ၃ရက်မှစတင်ကာ ပခုက္ကူမြို့၊ အမှတ်(၁၄) ရပ်ကွက်ရှိစနစ်သစ်ပုထိုးတိုက်တွင် လူဦးရေ(၂၅၀)ဦးဆံ့ အပူရှောင်စခန်းဖွင့်လှစ်ဆောင်ရွက်ထားကြောင်း၊ အပူရှောင်လာရောက် သူများ အဆင်ပြေချောမွေ့စွာနားခိုနေထိုင်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှုူရှင်ပြည်သူများ စုပေါင်း၍ စခန်းအတွင်း သဲများခင်းခြင်း၊ရေဖြန်းခြင်း၊သောက်ရေသန့်များအား မြေအိုများဖြင့် စီစဉ်ချထားပေးခြင်း၊နေ့လည်စာ နှင့်အာဟာရဖြည့်အချိုရည်များကျွေးမွေးခြင်း၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံအုပ်ကြီး၏ဦးဆောင်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများက ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောခြင်း၊ ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ မော်တော်ယာဉ်များဖြင့် ကြို/ပို့ဆောင်ရွက်ပေးခြင်းများကို ကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်ပေးကြကြောင်း၊ အပူရှောင်လာရောက်နားခိုသည့် လူဦးရေ အနည်းအများပေါ်မူတည်ပြီး အမှတ်(၁)ရပ်ကွက်ရှိ ပြည်သာယာခန်းမတွင် လူဦးရေ (၁၀၀)ဆံ့ အပူရှောင်စခန်းနှင့် အမှတ်(၁၄) ရပ်ကွက်ရှိ ရွှေသိမ်တော်ဓမ္မရိပ်သာကျောင်းတိုက်တွင် လူဦးရေ (၁၀၀)ဆံ့ အပူရှောင်စခန်းများ အရန်သတ်မှတ်၍ ကြိုတင်စီမံ ဆောင်ရွက်ထားကြောင်း မြို့နယ်အပူရှောင်စခန်းကြီးကြပ်မှုကော်မတီထံက သိရသည်။
ဘာမီသာ (ပခုက္ကူ)
#MNP #News






No comments:
Post a Comment