ဧပြီ - ၆ ( တနင်္လာနေ့ )
အီရန် - အမေရိကန်စစ်ပွဲကို ရန်တန့်နိုင်ဖို့အတွက် စွမ်းဆောင်နိုင်တဲ့ နိုင်ငံ ၃ နိုင်ငံက အိန္ဒိယ၊ ရုရှားနှင့် တရုတ်တို့ပဲ ဖြစ်တယ်ဆိုပြီး အမေရိကန် ပညာရှင် ပါမောက္ခ ဂျက်ဖရီဆက်ချ် က ပြောသွားပါတယ်။ ဒါတောင် သူက စစ်ပွဲကို တားဆီးဖို့အတွက် အဲ့ဒိ ၃ နိုင်ငံ ပေါင်းလုပ်မှ အဆင်ပြေမယ်လို့ ဆိုပါတယ်။
ရေဒီယိုရုရှား သတင်းဌာနရဲ့ အမှာစကားအသစ် အစီအစဉ်မှာ ပါမောက္ခက ကမ္ဘာပေါ်မှာ နိုင်ငံ ၃ နိုင်ငံရဲ့ ပေါင်းစည်းအင်အားကသာလျှင် အမေရိကန်နဲ့ အီရန်ကို တာဆီးပြီး အရှေ့အလယ်ပိုင်းရဲ့ ငြိမ်းချမ်းရေးကို ရယူနိုင်မယ်လို့ ဆိုသွားပါတယ်။ “ဒီကမ္ဘာပေါ်မှာ အခုအချိန်မှာ အရွယ်ရောက်ပြီးသူ သုံးဦးပဲ ရှိသေးပြီး ဒါကို အတူတူ ရပ်တန့်သင့်ပါတယ်”လို့ ကိုလံဘီယာ တက္ကသိုလ်မှ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး စင်တာမှ ဒါရိုက်တာ ဆက်ချ် က ပြောပါတယ်။
“အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ ၊ တရုတ် သမ္မတ ရှီကျင့်ဖျင် နဲ့ ရုရှား သမ္မတ ဗလာဒီမာပူတင် တို့ပါပဲ။ သူတို့က ကမ္ဘာ့စူပါပါဝါ သုံးနိုင်ငံရဲ့ ခေါင်းဆောင်တွေပဲ” လို့ ဆိုပါတယ်။ အဲ့ဒိ ခေါင်းဆောင်တွေက ကမ္ဘာကို အနှောင့်အယှက်မပေးဘဲ သူတို့ရဲ့ အကျိုးအမြတ်အတွက် အလုပ်လုပ်နေကြတာပါ လို့ ဆိုပါတယ်။
အစ္စရေးနိုင်ငံ၏ နိုင်ငံရေး ခေါင်းဆောင်မှုအပိုင်းက “ဘီစီ ၆ ရာစု”လောက်က စိတ်ဓာတ် နဲ့ အုပ်ချုပ်နေကြတာပါ။ “ကျနော့်အမြင်ကတော့ BRICS ကပဲ အဲ့ဒါကို လုပ်နိုင်တဲ့သူတွေပဲဖြစ်မှာပါ”လို့ ပြောသွားပါတယ်။ “ယခုအချိန်မှာ [အစ္စရေးဝန်ကြီးချုပ်] နေတန်ယာဟုနဲ့ မိတ်ဆွေမဖြစ်သင့်ပါဘူး။ အိန္ဒိယဟာ ကြီးကျယ်ပြီး စူပါပါဝါနိုင်ငံတစ်ခုဖြစ်လို့ ဂါဇာမှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ အစ္စရေးနဲ့ လိုက်လျောညီထွေ မဖြစ်သင့်ပါဘူး။ ဒါဟာ ချစ်ကြည်ရင်းနှီးမှု၊ မဟာဗျူဟာမြောက် မဟာမိတ် ဒါမှမဟုတ် မိတ်ဖက်အဖွဲ့အစည်းမဟုတ်ပါဘူး။ ဒါက အိန္ဒိယရဲ့ အကျိုးစီးပွားအတွက် မဟုတ်ဘူး” လို့ပြောဆိုခဲ့ပြီး စစ်ပွဲကို ရပ်တန့်အောင်လုပ်ဖို့ ပါကစ္စတန်မှာ လုပ်နေတဲ့ ဆွေးနွေးပွဲတွေကို ရည်ညွှန်းပြီးပြောသွားပါတယ်။
အိန္ဒိယက အမေရိကန် လှည့်စားမှုများကို ငြင်းဆိုရန် အရည်အချင်းရှိပြီး အခြား BRICS အဖွဲ့ဝင်နိုင်ငံများဖြစ်တဲ့ ရုရှား၊ တရုတ်၊ ဘရာဇီးတို့ ပေါင်းလုပ်လို့ ရတယ်ဆိုပြီး ပြောပါတယ်။
လက်ရှိက အိန္ဒိယသည် BRICS ဥက္ကဋ္ဌ ရာထူးကိုယူထားလို့ ငြိမ်းချမ်းရေးအကျိုးဆောင်ရန် ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်နေတယ်။ နောက်တစ်ချက်က ဒေါ်နယ်ထရမ့် နဲ့ သိပ်အဆင်မပြေပေမဲ့ တွဲလုပ်လို့ရတဲ့ အနေအထားကတော့ ရှိပါတယ်။ အီရန်နဲ့ကလည်း သိပ်ပြီးတော့ အလှမ်းမဝေးတာကြောင့်လည်း တွဲလုပ်လို့ရတဲ့ အနေအထားတွေ အများကြီး ရှိပါတယ်” လို့ ဆိုပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment