ချောက်မြို့နယ်တွင် အပူဒဏ်အန္တရာယ်ကာကွယ်ရေး အပူရှောင်စခန်းဖွင့်လှစ်မှုအား တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ချောက်မြို့နယ်တွင် အပူဒဏ်အန္တရာယ်ကာကွယ်ရေး အပူရှောင်စခန်းဖွင့်လှစ်မှုအား တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး



ချောက် ၊  ဧပြီ ၆

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ထိခိုက်လွယ်သူများ (သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်များ၊ ကလေးသူငယ်များ) အပူရှောင်နိုင်​ရေး၊အပူဒဏ်အန္တရယ်မှ ကာကွယ်နိုင်ရေးအတွက် အပူရှောင်စခန်းကို အမှတ်(၁၁)ရပ်ကွက်​ မြို့လယ်သာသနာ့ဗိမာန်တွင် အပူရှောင်စခန်းဖွင့်လှစ်ထားရှိမှုအခြေအနေ‌ကို ဧပြီလ ၆ ရက် နံနက်ပိုင်းတွင် ခရိုင်/မြို့နယ်တာဝန်ရှိသူများက လိုက်လံ၍ ကွင်းဆင်းကာ ကြည့်ရူခဲ့ကြောင်း သိရသည်။

ရှေးဦးစွာအပူရှောင်လာသည့်သက်ကြီးဘိုးဘွားများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များအား စလင်းပရိယတ္တိစာသင်တိုက်၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တကေသဝမှ သီလ​ပေးတရားများ ချီးမြင့်​ပေးခဲ့​ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ထမင်း၊ ဟင်းနှင့် အချိုရည်၊သောက်ရေသန့်များ ဧည့်ခံကျွေးမွေးလျက်ရှိသည့်အပြင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးကုဌာနတို့မှ အပူရှောင်စခန်းသို့ လာရောက်သည်သက်ကြီးဘိုးဘွားများအား ဆီးချို၊ သွေးချိုစစ်ပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ တိုင်းရင်းဆေးများ အခမဲ့ပေးအပ်​ခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အပူဒဏ်အန္တရာယ်အသိပညာပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် Mobile Libraryအဖြစ် သုတ၊ ရသစာအုပ်စာစောင်များ ဖတ်ရှုစေပြီး   မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အပူရှောင်စခန်းအတွက် သောက်ရေသန့်၊ ဓာတ်ဆားရည်နှင့် ယပ်တောင်များ အသင့်စီစဥ်ဆောင်ရွက်ထားရှိ​ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါအပူရှောင်စခန်းကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးဇော်နိုင် လမ်းညွှန်မှု၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလွင် ကြီးကြပ်မှုဖြင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် လူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိရာ အပူရှောင်စခန်းကို အပူချိန်မြင့်မားနေသည့်ကာလတစ်လျှောက် မတ်လ ၁၆ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ ဧပြီလ ၁၄ ရက်နေ့အထိ  နေ့စဥ်နံနက် ၁၀ နာရီမှ အပူချိန်လျော့ကျသည့် ညနေ ၅ နာရီအချိန်အထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း အပူရှောင်စခန်းတွင် အပူဒဏ်အန္တရာယ်ကာကွယ်ရေးလာရောက်သူ ​၆၀ ဦးခန့်ရှိကြောင်း သိရသည်။

ကျော်မိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)