ကိပ်တောင်း မှ လူမိုက်ဂိုဏ်းတွေကို ရှင်းဖို့ စစ်တပ်တွေက မြို့ထဲဝင်ပြီး တပ်စွဲ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကိပ်တောင်း မှ လူမိုက်ဂိုဏ်းတွေကို ရှင်းဖို့ စစ်တပ်တွေက မြို့ထဲဝင်ပြီး တပ်စွဲ


ဧပြီ - ၃ ( သောကြာနေ့ ) 

တောင်အာဖရိက အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (SANDF) တပ်ဖွဲ့ဝင်များက ကိပ်တောင်းရှိ လူမိုက်ဂိုဏ်းတွေက အုပ်စုလိုက်သတ်ဖြတ်မှုတွေ လုပ်နေလို့ ဒုက္ခရောက်နေတဲ့ ဒေသများသို့ ကာကွယ်ဖို့ မြို့ထဲဝင်ပြီး တပ်စွဲခဲ့ကြောင်း ဗုဒ္ဓဟူးနေ့က ဒေသဆိုင်ရာ သတင်းဌာနများက ဖော်ပြခဲ့ကြပါတယ်။ 

စစ်တပ်တွေကို အုပ်စုဖွဲ့အကြမ်းဖက်မှုများကြောင့် ကာလကြာရှည်စွာ ထိခိုက်ခံစားရတဲ့ ရပ်ကွက်တွေမှာ ဖြန့်ကျက်ထားခြင်းဖြစ်ပါတယ်။ ဒေသခံများက စနစ်တကျ ပြုလုပ်တဲ့ ရာဇဝတ်မှုများနဲ့ ပစ်ခတ်မှုများကြားမှာ ရုန်းကန်နေရပါတယ်။ အဆိုပါ စစ်ဆင်ရေးက မကြာသေးမီ ရက်သတ္တပတ်များအတွင်း သတ်ဖြတ်မှုများ မြင့်တက်လာပြီးနောက် ပြုလုပ်လိုက်ခြင်းဖြစ်ပါတယ်။ ကိပ်ဖလတ် ဒေသတွင်းမှာ ၁၁ ရက်အတွင်း လူသတ်မှု ၂၃ မှုဖြစ်ပွားပြီးနောက် ဒေသဆိုင်ရာအာဏာပိုင်များက လုံခြုံရေးအစီအမံများကို တိုးမြှင့်ခဲ့တာပဲ ဖြစ်ပါတယ်။ 

ကိပ်တောင်း စစ်ဆင်ရေးတွင် ပိုမိုကျယ်ပြန့်သော အမျိုးသားတပ်ဖြန့်မှု၏ တစ်စိတ်တစ်ပိုင်းအနေနဲ့ စစ်သား ၈၀၀ ခန့် ပါဝင်မယ်လို့ ခန့်မှန်းထားကြောင်း ဒေသတွင်း မီဒီယာများရဲ့ ဖော်ပြချက်အရ သိရပါတယ်။  

အဆိုပါ လှုပ်ရှားမှုမှာ ပြည်နယ်ငါးခုတွင် တပ်စွဲထားသော တပ်ဖွဲ့ဝင် ၂၂၀၀ ခန့်ကိုလည်း အရန်အင်အားအဖြစ် လုပ်ထားပါတယ်။ တောင်အာဖရိကရဲဝန်ဆောင်မှု (SAPS) ကိုပံ့ပိုးရန် နဲ့  ရာဇဝတ်မှုနှင့် တရားမဝင် သတ္တုတူးဖော်မှုများကို တိုက်ဖျက်ရန်အတွက် စစ်တပ်တွေကို စေလွှတ်ထားကြောင်း သမ္မတက ပြောကြားခဲ့ပါတယ်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ တပ်များချထားရန် ဆုံးဖြတ်ချက်ကို သမ္မတ က လွှတ်တော်သို့ အသိပေးခဲ့ကြောင်း သမ္မတ ရာမာဖိုဆာ က ဆိုပါတယ်။ အဆိုပါ စစ်ဆင်ရေးကို ၂၀၂၆ ခုနှစ် မတ်လမှ ၂၀၂၇ ခုနှစ် မတ်လအထိ လုပ်ဆောင်ရန် သတ်မှတ်ထားကြောင်း သိရပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)