ပုဇွန်တောင်မြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ဒေသဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းများဆိုင်ရာ တွေ့ဆုံဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုဇွန်တောင်မြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ဒေသဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းများဆိုင်ရာ တွေ့ဆုံဆွေးနွေး




ပုဇွန်တောင်၊ ဧပြီ  ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ပြည်သူများအတွက် မြို့နယ် အတွင်း  ရပ်ရွာအကျိုးပြုလုပ်ငန်းများ ပိုမိုဖြစ်ထွန်းအကျိုးရှိစေရန်နှင့် ဒေသဖွံ့ဖြိုးရေးအတွက် ရည်ရွယ်၍ လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ဒေသဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းများဆိုင်ရာ တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်က အမှာစကား ပြောကြားရာ၌ မြို့နယ်အတွင်း ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ လမ်းဘေးဝဲ/ယာ သန့်ရှင်း သာယာလှပရေး၊ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် ပညာရေးနှင့်ပတ်သက်၍ ကျောင်း နေအရွယ်ကလေးများ ကျောင်းတက်နိုင်ရေး၊ ကျောင်းမတက်‌နိုင်သည့် ကလေးငယ်များအား ကျောင်းအပ်နှံရေး သက်ဆိုင်ရာဌာနများနှင့် ဝိုင်း၀န်းပူးပေါင်းကူညီဆောင်ရွက်ကြရန်၊ ရပ်ကွက် အလိုက် ကျောင်းသားစာရင်း ပြုစုဆောင်ရွက်ကြရန်၊ မှုခင်း/ပြစ်မှု မရှိစေရေး ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ရန်၊ ရပ်ကွက်အတွင်း သွေးလှူဒါန်းလိုသည့် သွေးအလှူရှင်များ မကြာခဏ သွေးလှူဒါန်းနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်၊ မြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်းများ၊ ခိုး၊ ဆိုး၊ လု၊ နှိုက်များ မရှိစေရေး အဆင့်ဆင့်သတင်းပေးပို့ဆောင်ရွက်ကြရန်နှင့် လုံခြုံရေးဆိုင်ရာကိစ္စ ရပ်များ ဆွေးနွေးမှာကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။

ဆက်လက်၍ လွှတ်တော်ကိုယ်စားလှယ်များက မြို့နယ်လုပ်ငန်းဆောင်ရွက်နေမှုများအပေါ် အခက်အခဲများရှိပါက တင်ပြဆောင်ရွက်ပေးကြရန်နှင့် ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများ၏ အခြေခံလိုအပ်ချက်များ၊ ဒေသဖွံ့ဖြိုးရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော်အတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လိုအပ်မှုများနှင့်အခက်အခဲများကို အချိန် မရွေး တင်ပြနိုင်ကြောင်း  ဆွေးနွေးခဲ့ကြသည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရပ်ကွက်များ အလိုက် ဌာနဆိုင်ရာများ၏လုပ်ငန်းဆောင်ရွက်နေမှုများ အခြေခံလိုအပ်ချက်များနှင့်ပတ်သက်၍ အသီးသီးတင်ပြဆွေးနွေးခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌက လိုအပ်သည်များ ထပ်မံဖြည့်စွက်ဆွေးနွေးခဲ့ပြီး နိဂုံးချုပ်စကား ပြန်လည်ပြောကြား ခဲ့ကြောင်း သိရသည်။


ဟန်စုယဉ်

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)