ဧပြီလ - ၁ ( ဗုဒ္ဓဟူးနေ့ )
အနောက်အာရှတွင် စစ်ရေးတင်းမာမှုများ ပြင်းထန်နေချိန်မှာပဲ အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) က အမေရိကန် နည်ပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ မိုက်ခရိုဆော့ဖ်၊ အပ်ပဲလ်၊ ဂူဂဲလ်၊ အင်တယ်လ် နဲ့ ဘိုအင်း တို့လို နည်းပညာကုမ္ပဏီကြီးတွေကိုပါ တိုက်ခိုက်မယ်လို့ ပြင်းထန်စွာသတိပေးခဲ့ပြီး အမေရိကန်နှင့် အစ္စရေးတို့၏ အကြမ်းဖက်စစ်ဆင်ရေးများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့အား တရားဝင်ပစ်မှတ်အဖြစ် သတ်မှတ်ခံရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အမေရိကန် အိုင်စီတီနှင့် အေအိုင် ကုမ္ပဏီများက အီရန်ခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်ရာမှာ ဒီဇိုင်းဆွဲတဲ့ အဓိကအခန်းကဏ္ဍမှ ပါဝင်နေကြောင်း IRGC က ပြောကြားခဲ့ပြီး အီရန်တွင် အကြမ်းဖက်လုပ်ရပ်တိုင်းအတွက် အဆိုပါကုမ္ပဏီများရဲ့ သက်ဆိုင်ရာ အဆောက်အအုံများကို လုပ်ကြံမည်ဖြစ်ကြောင်း အီရန် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ထုတ်ပြန်ချက်အရ ဝန်ထမ်းများနှင့် အနီးနားရှိ နေထိုင်သူများကို တစ်ကီလိုမီတာ အချင်းဝက်အတွင်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အကြံပြုထားပါတယ်။ လက်တုံ့ပြန်သည့် စစ်ဆင်ရေးများကို ဧပြီလ ၁ ရက် ဗုဒ္ဓဟူးနေ့၊ တီဟီရန်စံတော်ချိန် ည ၈ နာရီတွင် စတင်မည်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ အဲ့လိုသတိပေးချက်ကို အီရန်က ပထမဆုံးအကြိမ် ထုတ်ပြန်ခြင်းမဟုတ်ပါဘူး။ အစောပိုင်းကလည်း IRGC သည် အလားတူ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ပေမဲ့လက်တွေ့ လုပ်ဆောင်ချက်မရှိခဲ့ပါဘူး။
အမေရိကန် ကာကွယ်ရေးဝန်ကြီး ပီတီဟဂ်ဆက်သ် နဲ့ ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဒန်ကိန်း တို့က အီရန်စစ်ပွဲကို လာမည့်ရက်များ၌ အဆုံးအဖြတ်ပေးမည်ဖြစ်ကြောင်း အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲတွင် ကြေငြာခဲ့ပါတယ်။ ဟဂ်ဆက်သ် က "အနောက်အာရှစစ်ပွဲသည် ထရမ့်ရဲ့ စည်းမျဉ်းအတိုင်းသာ အဆုံးသတ်လိမ့်ရမယ်"လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ စစ်ပွဲရဲ့အနေအထားက ဆက်လက်ဖြစ်ပွားနေသော “မှန်းဆ၍မရနိုင်” ကြောင်းလည်း ဆိုပါတယ်။
REF: News 18
#MNP #News



No comments:
Post a Comment