ဆိပ်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေလမ်းကြောင်းဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆိပ်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေလမ်းကြောင်းဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်




ဆိပ်ဖြူ၊ ဧပြီ ၂၇

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေလမ်းကြောင်းဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုကို လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီက ဧပြီလ ၂၆ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုသည်။

ဧရာဝတီမြစ်အတွင်း ရေလမ်းကြောင်းဖွံ့ဖြိုးရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေလမ်းကြောင်း ဖြောင့်တန်းပြီး ဧရာဝတီမြစ်အတွင်းအစုန်အဆန်ရေယာဉ်များ ကုန်စည်တင်ပို့မှုလုပ်ငန်းများ အဆင်ပြေစေရန်ရည်ရွယ်၍ ချောက်မြို့ဆိပ်ကမ်းအနီး ဧရာဝတီမြစ်အနောက်ဘက် ယောချောင်းအတွင်းမှ သဲသောင်များမြစ်အတွင်းသို့ သဲသောင်ပြင်ဖြစ်ထွန်းလာသည့် အနော်ရထာတံတား အဝင်ရေလမ်းကြောင်းထိခိုက်ခြင်း၊ မြစ်ရေစီးဆင်းမှုလမ်းကြောင်း ပြောင်းလဲစီးဆင်းနိုင်ကာ ချောက်မြို့၏ရေလမ်းဖွံ့ဖြိုးရေးအတွက် အရှည် ၅၅၈၀ ပေ၊ အကျယ် ၅၄၀ ပေနှင့် အနက် ၁၉ ပေ သဲသောင်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။

၎င်းလုပ်ငန်းများကို ပို့ဆောင်ရေနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး (မကွေးတိုင်းဒေသကြီး) မှကြီးကြပ်မှုဖြင့် လုပ်ငန်းတင်ဒါ အောင်မြင်ခဲ့သည့် ကုမ္ပဏီ(၂)မှ ဘတ်ဟိုယာဉ် (၁၆) စီး၊ ဒိုဇာယာဉ် ၁၂ စီးနှင့် သဲသောင်စုပ် စက်လှေ ၄ စီးတို့ဖြင့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှစတင်ဆောင်ရွက်ကြောင်း၊ ဧရာဝတီမြစ်ရေလမ်းကြောင်း ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေခြင်းကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်ထက်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလေးမောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်မင်းထွန်းနှင့် ဌာနဆိုင်ရာများက ကွင်းဆင်းကြည့်၍ခဲ့ရာ တာဝန်ခံအင်ဂျင်နီယာက ဧရာဝတီမြစ်ရေလမ်းကြောင်းဖွံ့ဖြိုးရေးလုပ်ငန်းများ ပြုလုပ်ရခြင်းရည်ရွယ်ချက်များနှင့် လုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံရှင်းလင်းတင်ပြပေးသည်။

ထို့နောက် လွှတ်တော်ကိုယ်စားများနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့က လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ကိုဇွဲ(အညာမြေ)

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)