ပေါင် ၊ဧပြီ ၂၄
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ မိမိဆန္ဒအလျောက် စိတ်အားထက်သန်စွာ ပါဝင်စာရင်းပေးခဲ့သော ပြည်သူ့စစ်မှုထမ်းများကို သင်တန်းအမှတ်စဉ်များအလိုက် တပ်ရင်း/တပ်ဖွဲ့အသီးသီး၌ တာဝန်ထမ်းဆောင်ခဲ့ကြရာ ပြည်သူစစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁) မှ ပြည်သူ့စစ်မှုထမ်းများ မိမိနေရပ်သို့ ပြန်လည်ရောက်ရှိလာသူ နိုင်ငံ့သားကောင်းရတနာများအားဂုဏ်ပြုသည့်အခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။
ဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးလှိုင်က ပြည်သူ့စစ်မှုထမ်းများသည် သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်ခဲ့သဖြင့် ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်၊ ပြည်သူ့စစ်မှုထမ်းတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုင်ဆောင်၍ မိမိနေရပ် မိသားစုများထံ ပြန်လည်ရောက်ရှိလာသည့်အတွက် ဝမ်းသာဂုဏ်ယူပါကြောင်း အဆိုပါ နိုင်ငံ့သားကောင်း စစ်မှုထမ်းများသည် စစ်မှုထမ်းဆောင်နေစဉ်ကာလအတွင်း နိုင်ငံတော်နှင့် တပ်မတော်ကပေးအပ်လာသော ကာကွယ်ရေးတာဝန်၊ လုံခြုံရေးတာဝန်များနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာချိန်တွင် ကူညီကယ်ဆယ်ရေး တာဝန်များကို ကိုယ်ကျိုးမဖက်ဘဲ စွန့်လွှတ်အနစ်နာခံကာ အမြဲတမ်းစစ်မှုထမ်းများနှင့်အတူ တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ ကြသူများဖြစ်ကြောင်း အလုပ်အကိုင်ရရှိရေးများနှင့် ပတ်သက်၍လည်း ၎င်းတို့ဆန္ဒပြုသည့် အလုပ်အကိုင်များကို သတ်မှတ်ချက်များနှင့်အညီခန့်အပ်ပေးနိုင်ရေး အတွက် အလုပ်အကိုင်ခန့်အပ်ပေးနိုင်ရေး လုပ်ငန်းကော်မတီများနှင့် ချိတ်ဆက်၍ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုနောက် ပြည်သူ့စစ်မှုထမ်းအပတ်စဉ် (၁) သင်တန်းမှ မိမိနေရပ်သို့ ပြန်လည်ရောက်ရှိလာ သည့်သင်တန်းသား (၈) ဦးအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးလှိုင်နှင့် တာဝန်ရှိသူများမှ (၁) ဦးလျှင် ငွေကျပ် (၅၀၀၀ဝိ/-)၊ ကြက်ဥနှင့်ဆပ်ပြာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost
No comments:
Post a Comment