ဘားအံမြို့ ရေကြီးရေလျှံမှုလျော့ကျစေရေး အုန်းမှုတ်ကျွန်းနှင့် ရွာသစ်ကျွန်းကြား သောင်တူးဖော်ခြင်းလုပ်ငန်းများအား ပြည်နယ်ဝန်ကြီးများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘားအံမြို့ ရေကြီးရေလျှံမှုလျော့ကျစေရေး အုန်းမှုတ်ကျွန်းနှင့် ရွာသစ်ကျွန်းကြား သောင်တူးဖော်ခြင်းလုပ်ငန်းများအား ပြည်နယ်ဝန်ကြီးများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေး


ဘားအံ၊ ဧပြီ ၂၂

ကရင်ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညီညီဇော်၊ လျှပ်စစ်စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောမျိုးမြင့်နှင့် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတင်မောင်လှိုင်တို့က ကရင်ပြည်နယ် ဘားအံမြို့ ရေကြီးရေလျှံမှုလျော့ကျစေရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် အုန်းမှုတ်ကျွန်းနှင့် ရွာသစ်ကျွန်းကြား သံလွင်မြစ် သောင်တူးဖော်ခြင်းလုပ်ငန်းများအား ယမန်နေ့ညနေပိုင်းအချိန်က သံလွင်မြစ်အတွင်းမှ စက်လှေဖြင့် သွားရောက်ကာ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါသံလွင်မြစ်သောင်တူးခြင်းလုပ်ငန်းကို နိုင်ငံတော်အကြီးအကဲ၏ ကရင်ပြည်နယ်ခရီးစဉ်တွင် လမ်းညွှန်မှာကြားချက်အရ ဘားအံမြို့ ရေကြီးရေလျှံမှုလျော့ကျစေရေး လုပ်ငန်းစဉ်များမှ တစ်ခုဖြစ်သည့် အုန်းမှုတ်ကျွန်းနှင့် ရွာသစ်ကျွန်းကြား သံလွင်မြစ်သောင်တူးဖော်ခြင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းမှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်ထာင်စုအထွေထွေရန်ပုံငွေဖြင့် မုဒုံမောင်မောင်ကုမ္ပဏီက အပိုင်း (၁) အလျား ၂၀၀၀ မီတာ၊ အကျယ် ၇၀ မီတာနှင့် အနက်ရေ စစ်မျဉ်းအောက် ၁. ၅ မီတာ၊ တူးဖော်မည့်ပမာဏ ၄၈၆၄၀၀ ကုဗမီတာကိုလည်းကောင်း၊ သီဟမင်းဆွေကုမ္ပဏီက အပိုင်း(၂) အလျား၂၀၀၀ မီတာ၊ အကျယ် ၇၀ မီတာနှင့် အနက်ရေ စစ်မျဉ်းအောက် ၁ .၅ မီတာ၊ တူးဖော်မည့်ပမာဏ ၄၈၆၄၀၀ ကုဗမီတာ တို့ကို ၁၈-၂-၂၀၂၆ရက်နေ့မှ စတင်၍ တင်ဒါအောင်မြင်ဆောင်ရွက်လျက်ရှိပြီး ၁၉-၄-၂၀၂၆ ရက်နေ့အထိ လုပ်ငန်းပြီးစီးမှု အခြေအနေမှာ ၆၂% ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း အဆိုပါလုပ်ငန်းများကို ၂၀၂၆ ခုနှစ်၊ မေလကုန်တွင် ၁၀၀% ရာခိုင်နှုန်း ပြီးစီးနိုင်ရေးအတွက် ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးကျော်စိုးက လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးများက လုပ်ငန်းများအချိန်မီပြီးစီးနိုင်ရေးနှင့် အရည်အသွေး ပြည့်မီအောင် စနစ်တကျကြိုးပမ်းဆောင်ရွက်သွားရန် လုပ်ငန်းများ၏ အကျိုးသက်ရောက်မှု အခြေအနေများကိုလည်း တိုင်းတာစစ်ဆေးရန်အတွက် လိုအပ်သည့်အစီအမံများကို ချမှတ်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)