နတ်မောက် ၊ ဧပြီ ၂၀
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့နှင့် ပူးပေါင်း၍ ပြည်တွင်းထုတ်ဒီဇယ်ဆီများကို နတ်မောက်မြို့နယ်အတွင်းရှိ တောင်သူများထံ အထူးသက်သာသောဈေးနှုန်းဖြင့် လုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။
ထိုသို့ရောင်းချပေးလျက်ရှိရာ နတ်မောက်မြို့နယ်ရှိ နွေစပါးနှင့် ဆီထွက်သီးနှံထွန်ယက် စိုက်ပျိုးရန် ကျန်ရှိသော မြေဧက(၄၅)ဧကအတွက် ပြည်တွင်းထုတ်ဒီဇယ်ဆီ (၄၅)ဂါလံကို ပ-ဂွေးချိုကျေးရွာ၊ ရွှေပန်းတောကျေးရွာ၊ စာရံအိုင့်ကျေးရွာရှိ တောင်သူ(၄၅)ဦးထံ စုရပ်(၁)နေရာဖြစ်သည့် စာရံအိုင့်ကျေးရွာ စိုက်ပျိုးရေးစခန်း၌ တောင်သူများထံ လက်ဝယ်အရောက် သက်သာသော စျေးနှုန်းဖြင့်ဖြန့်ဖြူး ရောင်းချပေးခဲ့သည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တောင်သူများကို စက်သုံးဆီအခက်အခဲ လျော့နည်းသက်သာစေရေးနှင့် စျေးနှုန်းသက်သာစွာဖြင့် အလွယ်တကူဝယ်ယူရရှိနိုင်ရေးအတွက် ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးနှင့် ဆီထွက်သီးနှံထွန်ယက်စိုက်ပျိုးရန် ကျန်ရှိသည့် ကျေးရွာများသို့ ပြည်တွင်းထုတ်ဒီဇယ်ဆီတစ်ဂါလံလျှင် (၁၀,၀၀၀)ကျပ် နှုန်းလက်ငင်းငွေချေစနစ်ဖြင့် လုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
လှဝင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment