ဧပြီ - ၂၂ ( ဗုဒ္ဓဟူးနေ့ )
ဂျပန်နိုင်ငံသည် ၁၉၄၇ ခုနှစ် နိုင်ငံ၏ ငြိမ်းချမ်းရေးအခြေခံဥပဒေအောက်တွင် ချမှတ်ထားသော စစ်ဘက်ဆိုင်ရာ ပို့ကုန်များ ပိတ်ပင်မှုကို အဆုံးသတ်ခဲ့ပြီး သေစေလောက်သော လက်နက်ရောင်းချမှုဆိုင်ရာ ကန့်သတ်ချက်များကို ရုတ်သိမ်းလိုက်ပြီဖြစ်ပါတယ်။
သဘောထားတင်းမာတဲ့ ရှေးရိုးစွဲဝါဒီတစ်ဦးဖြစ်တဲ့ ဝန်ကြီးချုပ် ဆာနေးတာကိုင်ချီ က အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာလိုက်ခြင်းဖြင့် ဂျပန်နိုင်ငံရဲ့ ငြိမ်းချမ်းသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရေးနဲ့ နိုင်ငံရဲ့ထိုးစစ်ဆင်မှုအား ပိုမိုအားကောင်းအောင် လုပ်ဆောင်ပေးခဲ့ပါတယ်။ “ယခုအချိန်တွင် ဂျပန်နိုင်ငံက ကိုယ်ပိုင်ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ကာကွယ်နိုင်ခြင်းမရှိသည့် စိန်ခေါ်မှုများ ပိုများလာနေတဲ့အတွက် လုံခြုံရေးဆိုင်ရာဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်တယ်” လို့ ဆိုပါတယ်။
“ယခုအချိန်အထိ ပြည်တွင်း၌ ထုတ်လုပ်တဲ့ ရှာဖွေကယ်ဆယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ထောက်လှမ်းရေးနှင့် မိုင်းရှင်းကိရိယာတွေလို ကုန်ချောပစ္စည်းများကို နိုင်ငံရပ်ခြားသို့ လွှဲပြောင်းပေးခြင်းအား ကန့်သတ်ထားပေမဲ့ ဤပြင်ဆင်မှုဖြင့် ကာကွယ်ရေးပစ္စည်းအားလုံးကို လွှဲပြောင်းမှုမှာ မူအားဖြင့် ဖြစ်နိုင်ချေရှိပါတယ်” လို့ သူမက ဆိုပါတယ်။
ဂျပန်ကုမ္ပဏီများသည် ယခုအခါ အမေရိကန်၊ ယူကေ၊ သြစတြေးလျ နဲ့ အရှေ့တောင်အာရှနိုင်ငံ အများအပြားအပါအဝင် ကာကွယ်ရေးပစ္စည်းကိရိယာများနှင့် နည်းပညာလွှဲပြောင်းသဘောတူညီချက်များရှိတဲ့ နိုင်ငံပေါင်း ၁၇ နိုင်ငံသို့ လက်နက်များ ရောင်းချနိုင်တော့မှာ ဖြစ်ပါတယ်။ လက်နက်တင်ပို့မှု ကန်သက်ချက် ဥပဒေကို လျှော့ပေါ့လိုက်မှုက ဂျပန်ရဲ့ ငြိမ်းချမ်းရေး ကတိကဝတ်များကို ထိခိုက်စေမည် မဟုတ်ကြောင်း ဝန်ကြီးချုပ်က အခိုင်အမာ ပြောကြားခဲ့ပါတယ်။
တိုကျိုသည် ၎င်း၏ ဒုတိယကမ္ဘာစစ်အပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၉ အရ စစ်ကို တရားဝင် စွန့်လွှတ်ခဲ့ပြီး စစ်တပ်ကို ဘယ်တော့မှ ထားရှိမှာမဟုတ်ဘူးလို့ ကတိပြုခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့တွင်မူ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (JSDF) သည် ခေတ်မီဆုံးလက်နက်ကိရိယာများ အပြည့်ဖြင့် အပြည့်အ၀ ပြည့်စုံသောစစ်တပ်ဖြစ်လာခဲ့သည်မှာ ကြာပါပြီ။ အမေရိကန်လုပ် ဒုံးတွေမှာ ဂျပန်က နည်းပညာတွေ ထည့်သွင်းထားပြီး အဆိုပါ လက်နက်များကို အမေရိကန် ကာကွယ်ရေး ကန်ထရိုက်တာ လော့ဟတ်မာတင် နဲ့ RTX တို့ရဲ့ လိုင်စင်ဖြင့် ဂျပန်နိုင်ငံ မစ်ဆူဘီရှီ က ထုတ်လုပ်ပေးနေတာပါ။
REF: RT
#MNP #News

No comments:
Post a Comment