နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များ အလေးထား အကောင်အထည်ဖော်ဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် မှာကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များ အလေးထား အကောင်အထည်ဖော်ဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် မှာကြား


ပဲခူး၊ ဧပြီ ၂၂

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဧပြီလ (၂၁) ရက်နေ့က တိုင်းဒေသကြီးအဆင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဧပြီလ (၁၀) ရက်နေ့နှင့် ဧပြီလ (၂၀) ရက်နေ့တို့တွင်ပြောကြားခဲ့သည့် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များအား အသေးစိတ် ဖတ်ကြားရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ပြည်သူလူထုမှ တင်မြှောက်ပေးခဲ့သည့် ပြည်သူ့အစိုးရဖြစ်သည်နှင့်အညီ ပြည်သူလူထု၏အသံကို အလေးထား ဖြည့်ဆည်းဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း လူဦးရေ၏ (၇၅) ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများဖြစ်၍ ကျေးလက်ဒေသ စီးပွားရေးလုပ်ငန်းများ ပိုမိုအောင်မြင်လာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးတွင် တန်ဖိုးမြှင့်သီးနှံများစိုက်ပျိုးရန်နှင့် ဈေးကွက်ရရှိရေးကိုလည်း ချိတ်ဆက်ဆောင်ရွက်ပေးသွားရမှာဖြစ်သလို စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး ဘက်ပေါင်းစုံမှ နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ စားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးခြင်းအပြင် ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သဘာဝမြေဩဇာထုတ်လုပ်၍ ဈေးကွက်အတွင်း ကျယ်ကျယ်ပြန့်သုံးစွဲနိုင်ရေး ဘက်ပေါင်းစုံမှ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ ပန်းတိုင်အထွက်နှုန်းမရရှိသေးသည့် သဲဆန်ကုန်းကြောမြေများအား စပါးမျိုးပြောင်းလဲခြင်းအပြင် မြေယာပြုပြင်ခြင်းများကို ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ မိုးရာသီတွင် စီးပွားဖြစ် ဝါးစိုက်ခင်းများတည်ထောင်နိုင်ရေးနှင့် ဝါးအခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ စားရေရိက္ခာဖူလုံစေရေးအတွက် တိရစ္ဆာန်ကောင်ရေ တိုးချဲ့မွေးမြူခြင်းအပြင် မွေးမြူရေးလုပ်ငန်းရှင် အသစ်များဖော်ထုတ်မွေးမြူစေခြင်းနှင့် တိရစ္ဆာန်အစာအား ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် ကိုယ်တိုင်ထုတ်လုပ်မွေးမြူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် လယ်သုံးစက်ကိရိယာ ထုတ်လုပ်သည့်လုပ်ငန်းများကို အားပေးကူညီဆောင်ရွက် ပေးသွားရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီးလိုအပ်ချက်ပြည့်စုံစေရေး Solar System နှင့် စွန့်ပစ်စပါးခွံ့သုံး လျှပ်စစ်ထုတ်လုပ်ရေး Gasifier များ တိုးချဲ့ဆောင်ရွက်နိုင်ရေး အခွင့်အလမ်းကောင်းများ ဖန်တီးပေးသွားမှာဖြစ်ကြောင်းနှင့် ပူပြင်းသည့်ရာသီရောက်ရှိနေပြီဖြစ်၍ လေပြင်းတိုက်ခြင်းအပြင် မီးဘေးအန္တရာယ်ကိုလည်း အထူးဂရုပြုနေထိုင်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များနှင့် ရုံးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြသည်။ ၎င်းနောက် Zoom Meeting ဖြင့် တက်ရောက်လာသည့် ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများက ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များအား ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဝန်ကြီးဌာနအလိုက် ကြီးကြပ်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ကြရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


သက်ဖြိုးကြိုင်

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)