ဂျကာတာ၊ ဧပြီ ၂၂
အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး ဦးအောင်မျိုးမြင့် သည် အာဆီယံအတွင်းရေးမှူးချုပ် Dr. Kao Kim Hourn အား ၂၁-၄-၂၀၂၆ ရက်တွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ သွားရောက်တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် အာဆီယံအသိုက်အဝန်းတည်ဆောက်ရေးတွင် အာဆီယံ မဏ္ဍိုင် (၃) ရပ်အောက်မှတစ်ဆင့် ဆောင်ရွက်နေမှုများအပါအဝင် အာဆီယံတွင်း ဖြစ်ပေါ်တိုးတက်မှုများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များအပေါ် နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြန်မာအမြဲတမ်းကိုယ်စားလှယ်က မြန်မာနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပခဲ့ပြီးနောက် လွှတ်တော်အစည်းအဝေးများကျင်းပ၍ ၁၀-၄-၂၀၂၆ ရက်တွင် အစိုးရသစ်ကို ဖွဲ့စည်းခဲ့ခြင်းနှင့် အစိုးရသစ်၏ ရက်ပေါင်း (၁၀၀) အတွင်း ဦးစားပေး ဆောင်ရွက်မည့်ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး အာဆီယံဘုံသဘောတူညီချက် (၅) ရပ်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်လျက်ရှိမှု၊ ပြည်တွင်းငြိမ်းချမ်းမှုရရှိရေးအတွက်လည်း နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု နှင့် AHA စင်တာမှတစ်ဆင့် သဘာဝဘေးအန္တရာယ် ကျရောက်သည့် ဒေသများသို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်လျက်ရှိမှု အခြေအနေများကိုလည်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
#MNP #News

No comments:
Post a Comment