မြစ်ကြီးနား၊ ဧပြီ ၃
တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြပြီး လွှတ်တော်ကော် မတီ(၃)ရပ်ကို ဆွေးနွေးအတည်ပြုခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံက တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေး တတိယနေ့အထမြောက်ကြောင်းနှင့်စတင်ကျင်းပကြောင်း ကြေညာပြီး ပြည် နယ်လွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူကြသည်။
ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည် နယ်လွှတ်တော်အစည်းအဝေး ဒုတိယနေ့တွင် တင်သွင်းခဲ့သော ဥပဒေကြမ်းကော်မတီ ဖွဲ့စည်းရေးနှင့် စပ်လျဉ်း၍ ကော်မတီဥက္ကဋ္ဌအဖြစ် ဦးမြအုန်း ဖားကန့်မြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၁) အပါအဝင် အဖွဲ့ဝင်အဖြစ် ကိုယ်စားလှယ် (၉)ဦးတို့ဖြင့် လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာကော်မတီတွင် ကော်မတီဥက္ကဋ္ဌအဖြစ် ဦးချန်းဂျောင်ဆားရ်၊ ဝိုင်းမော်မြို့နယ် ကိုယ်စားလှယ်အမှတ် (၂) အပါအဝင် အဖွဲ့ဝင်အဖြစ် ကိုယ်စားလှယ် (၇)ဦးတို့ ဖြင့်လည်းကောင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီတွင် ကော်မတီဥက္ကဋ္ဌအဖြစ် ဦးခေါ်ဆာ၊ ပူတာအိုမြို့နယ် ကိုယ်စားလှယ်အမှတ်(၂)အပါအဝင် အဖွဲ့ဝင်အဖြစ် ကိုယ်စားလှယ် (၅)တို့အားလည်းကောင်း ဆွေးနွေးအတည်ပြုခဲ့ကြပြီး တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို ရပ်နားလိုက်ကြောင်း သိရသည်။
#MNP #News

No comments:
Post a Comment