အကြမ်းဖက်ဝါဒနဲ့ စွပ်စွဲခံထားရတဲ့ ပါလက်စတိုင်းတွေကို သေဒဏ်ပေးဖို့ အစ္စရေးလွှတ်တော်အမတ်တွေ ထောက်ခံ - Myanmar National Post

Myanmar National Post

News Agency

Breaking

အကြမ်းဖက်ဝါဒနဲ့ စွပ်စွဲခံထားရတဲ့ ပါလက်စတိုင်းတွေကို သေဒဏ်ပေးဖို့ အစ္စရေးလွှတ်တော်အမတ်တွေ ထောက်ခံ


ဧပြီ - ၁ ( ဗုဒ္ဓဟူးနေ့ ) 

အမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာဘန်ဂျီဗား ဦးဆောင်တဲ့ အစ္စရေးလွှတ်တော်အမတ်များသည် အငြင်းပွားဖွယ် သေဒဏ်ဥပဒေမူကြမ်းကို အတည်ပြုလိုက်နိုင်တဲ့အတွက် ဝမ်းမြောက်ဝမ်းသာအားရစွာ ဖြစ်ခဲ့တဲ့အကြောင်းကို  မှတ်တမ်းတင်ဗီဒီယို ရိုက်ကူးထားမှုက အွန်လိုင်းပေါ်မှာ ပျံ့နှံ့သွားပါတယ်။ လူ့အခွင့်အရေးအဖွဲ့များ၊ ပြည်ပနိုင်ငံများနှင့် ကုလသမဂ္ဂတို့က အသစ်ပြဌာန်းလိုက်သော ဥပဒေသည် ခွဲခြားဆက်ဆံခံရပြီး သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်းများကို အချိုးမညီမျှစွာ ပစ်မှတ်ထားတာ ဖြစ်နေကြောင်း သတိပေးခဲ့ပါတယ်။ 

မနေ့က အစ္စရေးလွှတ်တော် ကနက်ဆက်တွင် ၆၂-၄၇ ဖြင့် အတည်ပြုခဲ့သော ဥပဒေက “အစ္စရေး၏ တည်ရှိမှု အဆုံးသတ်ရေး”လုပ်တဲ့ ပါလက်စတိုင်းသားတွေကို သေဒဏ်ပေးဖို့ ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲ့ဒိဥပဒေနဲ့ သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းဒေသအတွင်းက စစ်ခုံရုံးများမှာ စီရင်ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ 

အစ္စရေးတွင် ၎င်းတို့အား ရာဇ၀တ်မှုဆိုင်ရာ ဥပဒေဖြင့် အရေးယူဆောင်ရွက်ရမည်။ စီရင်ချက်ချပြီး ရက်ပေါင်း ၉၀ အတွင်း လွတ်ငြိမ်းခွင့်မပေးဘဲ စီရင်ချက်ချရမှာဖြစ်ပြီး တရားသူကြီးများက “အထူးအခြေအနေများ” အောက်တွင် သေဒဏ်မှ တစ်သက်တစ်ကျွန်း ချမှတ်ခြင်းသို့သာ ပြောင်းလဲနိုင်တယ် လို့ ဆိုထားပါတယ်။ 

ကနက်ဆက်မှထုတ်လွှတ်သော ဗီဒီယိုတွင် ဘန်ဂျီဗားက လွှတ်တော်အခန်းထဲမှာ အရက်ပုလင်းထုတ်ပြီး ဖွံ့ဖြိုးတိုးတက်မှုကို "နစ်နာသူများအတွက် တရားမျှတမှုနေ့နှင့် ကျွန်ုပ်တို့ရဲ့ရန်သူများအတွက် အဟန့်အတားနေ့" အဖြစ် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ ဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုကတော့ မနေ့က လွှတ်တော်အစည်းအဝေး တွင် ဥပဒေကိုမဲပေးရန်အတွက် လူကိုယ်တိုင်လာရောက်ခဲ့ပေမဲ့ အခမ်းအနားများတွင် ပါဝင်ခြင်းမရှိခဲ့ပေ။

“ဒီလိုဥပဒေတွေနဲ့ အရေးယူမှုတွေက ပါလက်စတိုင်းပြည်သူတွေရဲ့ဆန္ဒကို ချိုးဖောက်တာ ဒါမှမဟုတ် သူတို့ရဲ့ တည်ကြည်မှုကို ပျက်ပြားစေမှာ မဟုတ်ပါဘူး”လို့ ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ်ရုံးက ထုတ်ပြန်ခဲ့ပါတယ်။

ဂျာမနီ၊ ပြင်သစ်၊ ယူကေ၊ အီတလီနှင့် သြစတြေးလျတို့က ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပြီး အဆိုပါဥပဒေရဲ့ “အမှန်တကယ်ခွဲခြားဆက်ဆံမှုသဘောသဘာဝ” နှင့်ပတ်သက်ပြီး ၎င်း၏အစီအစဉ်များကို စွန့်လွှတ်ရန် အစ္စရေးကို တိုက်တွန်းထားပါတယ်။ 


REF: RT

#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)