(၂၂) ကြိမ်မြောက် အာဆီယံ-ရုရှား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

(၂၂) ကြိမ်မြောက် အာဆီယံ-ရုရှား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်





ကာဇန်၊ ဧပြီ ၂၂

 အာဆီယံ-မြန်မာအဆင့်မြင့်အရာရှိကြီးဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းသည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်မှ ၂၁ ရက်အထိ ရုရှားနိုင်ငံ၊ ကာဇန်မြို့ရှိ Millennium Panorama Hotels ၌ ကျင်းပပြုလုပ်ခဲ့သည့် (၂၂) ကြိမ်မြောက် အာဆီယံ-ရုရှား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ရုရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Andrey Rudenko နှင့်အတူ ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့သည်။ 

အဆိုပါအစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ၊ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအတွင်းရေးမှူးချုပ်တို့ ပါဝင် တက်ရောက်ခဲ့ကြပါသည်။

 အစည်းအဝေး၌ အာဆီယံနှင့် ရုရှားနိုင်ငံတို့၌ ဖြစ်ပေါ်တိုးတက်မှုများ၊ အာဆီယံ-ရုရှား လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅) အကောင်အထည်ဖော်မှုနှင့်ပတ်သက်သည့် ဖြစ်ပေါ်တိုးတက်မှုများ၊ အာဆီယံ-ရုရှား လုပ်ငန်းအစီအစဉ် (၂၀၂၆-၂၀၃၀) အတည်ပြုရေး ညှိနှိုင်းဆောင်ရွက်နေမှု အခြေအနေများ၊ ၂၀၂၆ ခုနှစ်တွင် အာဆီယံ-ရုရှား ဆက်ဆံရေး (၃၅) နှစ်ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး ကျင်းပပြုလုပ်ရေးကိစ္စ၊ အာဆီယံနှင့် ရုရှားနိုင်ငံတို့အကြား အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)