ဒုတိယဝန်ကြီး ဦးသိုက်စိုး ဇီးကုန်း-လေသာ ဆင်သေချောင်း ပေ ၄၅၀ သံကူကွန်ကရစ်တံတားပြုပြင်ပြီးစီးမှု ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒုတိယဝန်ကြီး ဦးသိုက်စိုး ဇီးကုန်း-လေသာ ဆင်သေချောင်း ပေ ၄၅၀ သံကူကွန်ကရစ်တံတားပြုပြင်ပြီးစီးမှု ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဧပြီ ၂၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ယမန်နေ့က နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာသို့ သွားရောက်၍ စိုက်ပျိုးစီးပွားအသိပညာပေး စင်တာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးစိုက်တောင်သူများအား ယူရီးယားမြေဩဇာ ရောင်းချပွဲသို့ တက်ရောက်သည်။

ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ယူရီးယားမြေဩဇာ ရောင်းချပေး ခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဇေယျာသီရိမြို့နယ် ရေဆင်းကျေးရွာအုပ်စု ကန်သာအေး ကျေးရွာသို့ သွားရောက်၍ သောက်သုံးရေ ရရှိရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နေပြည်တော်ကောင်စီ ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက် ပေးခဲ့သည့် ရေဂါလန် ၂၄၀၀ ဆံ့ အမြင့်တင်ရေစင်၊ တစ်နာရီလျှင် ရေဂါလန် ၁၅၀၀ ထွက်ရှိမှုနှင့် အိမ်သွယ်ရေတိုင်စနစ် ဆောင်ရွက်ပေးထားမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ကျေးရွာဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ကျေးရွာဆိုင်ရာ အချက်အလက် များကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်များနှင့်အညီ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စီမံကိန်း လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားကာ ဒေသခံပြည်သူများ၏ ဖွံ့ဖြိုးရေးတင်ပြ ချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေ၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း RBF စီမံကိန်းချေးငွေတို့ဖြင့် အစုအဖွဲ့ များဖွဲ့၍ ဆောင်ရွက်နေသည့် အသားတိုးဝက် မွေးမြူရေး လုပ်ငန်းများကို ကြည့်ရှုအားပေး သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ရာဂီမုန်တိုင်းကြောင့်ထိခိုက် ပျက်စီးခဲ့သော ဇီးကုန်း-လေသာ ဆင်သေချောင်း ပေ ၄၅၀ သံကူကွန်ကရစ်တံတားအား ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ပြန်လည် ပြုပြင်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)