မိုင်းပျဥ်းမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းပျဥ်းမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်




မိုင်းပျဉ်း  ၊ ဧပြီ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ ဦးဆောင်၍ သင်္ကြန်ပွဲတော်ဖြစ်မြောက်ရေး ကော်မတီအဖွဲ့များက ယနေ့နံနက်ပိုင်းတွင်စတင်ကာ ကြိုတင်ပြင်ဆင်မှုများ စနစ်တကျဆောင်ရွက်လျက်ရှိသည်။

မိုင်းပျဉ်းမြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်အဖြစ် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်ရက်များအတွင်း ပြည်သူများလွတ်လပ်ပျော်ရွှင်အေးချမ်းစွာရေကစားနိုင်ရေး၊ စတုဒီသာကျွေးမွေးနိုင်ရေး၊ ယိမ်းအကအဖွဲ့များကပြဖျော်ဖြေနိုင်ရေးတို့အတွက် သင်္ကြန်ပွဲတော်ဖြစ်မြောက်ရေး ဦးစီးကော်မတီအလိုက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

၎င်းအပြင် မြန်မာနှစ်သစ်ကူးရက်ဖြစ်‌သော နှစ်ဆန်းတစ်ရက်နေ့တွင် မြို့တွင်းဘေးအန္တရာယ်ကင်းဝေးစေရေးအတွက်မြို့ပေါ်ရှိ ဆရာတော်၊သံဃာတော်များက ပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်ပူဇော်ခြင်း၊ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းနှင့် ဇီဝတဒါနငါးလွှတ်ခြင်းများကို မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)