မင်းလှ၊ ဧပြီ ၂၈
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းအဆင့်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများသည် ယနေ့နံနက်ပိုင်းက သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ရိုဘတ်စတာကော်ဖီပျိုးဥယျာဉ် ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရွှေဝါမြိုင်အုပ်စု၊ ရန်ကုန် ပြည်ကားလမ်းဘေးရှိ ရွှေဝါမြိုင်စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြုလေ့လာမှုစခန်း၌ တိုင်းဒေသကြီးအတွင်း ကော်ဖီစိုက်ပျိုးဧက တိုးချဲ့နိုင်ရေးအတွက် ဆောင်ရွက်ထားရှိသည့် ရိုဘတ်စတာကော်ဖီပျိုးပင်ပေါင်း (၅၀၀၀၀) ပျိုးထောင်ထားရှိမှုအခြေအနေ၊ ထန်းညီနောင်နှင့် DEKO ကုမ္ပဏီမှ သဘာဝမြေဩဇာဖြင့် ထုတ်လုပ်ထားရှိသော စိုက်ပျိုးရေးသုံးပစ္စည်းများအား ကြည့်ရှု့ခဲ့၍ အားပေးစကားပြောကြားကြောင်းနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)
#MNP #News


No comments:
Post a Comment