ကလောမြို့၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုး၊ ဘွား ပူဇော်ကန်တော့ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကလောမြို့၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုး၊ ဘွား ပူဇော်ကန်တော့ပွဲကျင်းပ



ကလော  ၊ ဧပြီ ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့တွင် ၁၃၈၈ ခုနှစ်၊ နှစ်သစ်ကူးအခါသမယ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ကလောမြို့ပေါ်ရှိ သက်ကြီး ဘိုး၊ ဘွားများအား တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး အာဟာရမုန့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။ ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ကလောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်က သက်ကြီး ဘိုး၊ ဘွားများအား ပူဇော်ကန်‌တော့ပွဲ ကျင်းပခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများက ဘိုးဘွားများအား ကန်တော့ခဲ့ကြကာ ထောက်ပံ့ပစ္စည်းနှင့် အလှူငွေများအား ခရိုင်အုပ်ချုပ်ရေးမှူး၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများနှင့် မြို့နယ်မိခင်နှင့်ကလေး၊ အမျိုးသမီး‌ရေးရာအသင်းအဖွဲ့တို့က ကလောမြို့ပေါ်ရှိ သက်ကြီး ဘိုး၊ ဘွား ၁၂၆ ဦးရှိပြီး တက်ရောက်သူဘိုးဘွား ၃၅ ဦးတို့အား အသီးသီးပေးအပ်ခဲ့သည်။ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်သည့် ဘိုးဘွားများအား သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က အိမ်တိုင်ရာ‌ ရောက်သွားရောက်ထောက်ပံ့ပေး အပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ထို့‌နောက် ဘိုးဘွားများကိုယ်စား အဘိုး ဦးခင်အောင်က ဩဝါဒစကား မြွက်ာကြားကာ ဆုမွန်ကောင်းတောင်းပေးခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)