သံဖြူဇရပ်၌ စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် သတ်မှတ်စည်းမျဉ်းစည်းကမ်းများအတိုင်း Filling Queue စနစ်ဖြင့် စတင်ရောင်းချစေရေး မြေပြင်ကွင်းဆင်းစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

သံဖြူဇရပ်၌ စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် သတ်မှတ်စည်းမျဉ်းစည်းကမ်းများအတိုင်း Filling Queue စနစ်ဖြင့် စတင်ရောင်းချစေရေး မြေပြင်ကွင်းဆင်းစစ်ဆေး

 



သံဖြူဇရပ်   ၊ ဧပြီ ၃

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ဧပြီ ၁ ရက်နေ့မှစတင်၍ သံဖြူဇရပ်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် Filling Queue စနစ်ဖြင့် ရောင်းချပေးနေမှုအား သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးပြေငြိမ်းဦးနှင့် တာဝန်ရှိသူများက မြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် ပြည်သူများအဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေးအတွက် ဈေးနှုန်းမှန်ကန်စွာရောင်းချရေး၊ ဆီပြတ်လပ်မှုများမဖြစ်ပေါ်စေရေးအတွက် ဆီပေပါများ၊ ပုံးများဖြင့် မရောင်းချရေး၊ ဆီလက်ကျန်စာရင်းနှင့် ရောင်းချမှုစာရင်းများအား စစ်ဆေးခြင်း၊ စက်သုံးဆီဝယ်ယူရာတွင် ယာဉ်လိုင်စင်သက်သေခံ ဝှီးတက် (သို့မဟုတ်) အုံနာဘုတ်ပြသစေ၍ စစ်ဆေးရောင်းချသွားရန် စုံ၊ မခွဲခြားမောင်းနှင်မှုစနစ်အား လိုက်နာရန်နှင့် စုံရက်၊ မရက်အလိုက် ယာဉ်များကို ဧပြီ ၁ ရက်နေ့မှစတင်၍ မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား Filling Queue စနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် စည်းကမ်းလိုက်နာမှုမရှိသည့် စက်သုံးဆီအရောင်းဆိုင်များနှင့် ယာဉ်များအား တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)