မြို့နယ်နှင့် မြို့များတွင် Public Area အပန်းဖြေပန်းခြံများ တည်ဆောက်ပေးသွားမှာဖြစ်ပြီး တည်ရှိပြီးသားပန်းခြံများကိုလည်း အဆင့်မြှင့်တင်ပေးသွားမှာဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

မြို့နယ်နှင့် မြို့များတွင် Public Area အပန်းဖြေပန်းခြံများ တည်ဆောက်ပေးသွားမှာဖြစ်ပြီး တည်ရှိပြီးသားပန်းခြံများကိုလည်း အဆင့်မြှင့်တင်ပေးသွားမှာဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြောကြား







ပဲခူး၊ ဧပြီ ၂၄

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက မြို့ပြသန့်ရှင်းသာယာလှပစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စည်ပင်သာယာရေး၏ လုပ်ငန်းစဉ်များသည် အလွန်များပြားပြီး ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ရသည့် ဝန်ဆောင်မှုပေးရသည့် ဌာနတစ်ခုဖြစ်ကြောင်း၊ မြို့ပြသန့်ရှင်းသာယာလှပစေရေးနှင့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများကို အခွန်အကောက်ရငွေများဖြင့်သာ ဆောင်ရွက်ရသဖြင့် ရသင့်ရထိုက်သည့် အခွန်အခများရရှိရေးနှင့် အခွန်ပုံးအခွန်ရှောင်များကို ဖော်ထုတ်၍ အခွန်ထမ်းအသစ်များရရှိရေး ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပြည်သူထုလူ၏ အခွန်ငွေဖြင့် ရပ်တည်သည့် ဌာနတစ်ခုဖြစ်သည်နှင့်အညီ ထိုက်တန်သည့် ဝန်ဆောင်မှုကို ပြန်လည်ပေးသွားရမှာဖြစ်ကြောင်း၊ စည်ပင်သာယာရေးပိုင်အဆောက်အဦ၊ မြေနေရာ၊ ဆိုင်ခန်း စသည်တို့၏ ငှားရမ်းခများကိုလည်း ခေတ်နှင့်လျော်ညီသည့် နှုန်းထားများဖြစ်စေရေး ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မြို့နယ်နှင့် မြို့များတွင် Public Area အပန်းဖြေပန်းခြံများ တည်ဆောက်ပေးသွားမှာဖြစ်ပြီး တည်ရှိပြီးသားပန်းခြံများကိုလည်း အဆင့်မြှင့်တင်ပေးသွားမှာဖြစ်ကြောင်း၊ စိမ်းလန်းစိုပြေစေရေးနှင့် ပန်းရောင်စုံဖူးပွင့်စေရေးတို့အတွက် မြို့နယ်အလိုက် ပျိုးဥယျာဉ်များ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မိုးရာသီမရောက်မီမြို့တွင်းရေမြောင်း များ ပိတ်ဆို့မှုမရှိစေရေး ကြိုတင်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ စည်ပင်ပိုင်ဈေးများအတွင်း လူနေဆိုင်ခန်းများ မရှိစေရေးနှင့် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မြို့ပြတစ်ခု၏ သန့်ရှင်းသာယာလှပရေးသည် စည်ပင်သာယာ၏ ပုံရိပ်ဖြစ်၍ မိမိတို့ဌာန၏ ပုံရိပ်ကောင်းမွန်စေရေး ကြိုးစားဆောင်ရွက်သွားရန်နှင့် ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့်လုပ်ငန်းစဉ်များသည် ပြည်သူလူထုသို့ တိုက်ရိုက်အကျိုးရှိသည့် လုပ်ငန်းများဖြစ်စေရေးဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူများက ပန်းခြံလိုအပ် မြို့နယ်များနှင့် မြို့များအလိုက် ပန်းခြံတည်ဆောက်မည့် လျာထားမြေနေရာနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သွားမည့် မြို့ပြသန့်ရှင်းသာယာလှပစေရေး လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ကြသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီးက တင်ပြချက်များနှင့် ပတ်သက်၍ သုံးသပ်အကြံပြုတင်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြို့နယ်တစ်ခုချင်းအလိုက် မြို့ပြသန့်ရှင်းသာယာလှပစေရေး လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


သက်ဖြိုးကြိုင် 

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)