ချုံချင့်၊ မေ ၁၅
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ၁၄-၅-၂၀၂၆ ရက်တွင် စီချွမ်းပြည်နယ်၊ ချန်ဒူးမြို့ရှိ Chengdu Century City Conference Center ၌ ကျင်းပပြုလုပ်ခဲ့သည့် 2026 Chengdu International Friendship Cities Cooperation and Development Conference ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်မြို့တော်ဝန်၊ ဦးမျိုးမြင့်အောင် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ တက်ရောက်ခဲ့သည်။
အဆိုပါ အခမ်းအနားကို ချန်ဒူးမြူနီစီပယ်ကော်မတီ CPC ပါတီအတွင်းရေးမှူးနှင့် စီချွမ်းပြည်နယ် CPC ပါတီ အမြဲတမ်းကော်မတီအဖွဲ့ဝင် Mr. Cao Lijun က အဖွင့်အမှာစကား ပြောကြား၍ ဖွင့်လှစ်ခဲ့ပြီး၊ ပါတီခေါင်းဆောင်မှုအဖွဲ့ဝင်နှင့် နိုင်ငံခြားတိုင်းပြည်များနှင့် ချစ်ကြည်ရင်းနှီး မှုဆိုင်ရာတရုတ်နိုင်ငံအသင်း၏ အထွေထွေအတွင်းရေးမှူး Mr. Hao Zhong wei၊ ကုလသမဂ္ဂ စက်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး Ms. Shu Luomei၊ ချန်ဒူးမြို့ မြို့တော်ဝန်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ချန်ဒူးမြို့နှင့် ညီအစ်မဆက်ဆံရေးထူထောင်ထားသည့် နိုင်ငံတကာ မြို့များမှ မြို့တော်ဝန်များနှင့် ကိုယ်စားလှယ်များ၊ ချုံချင့်နှင့် ချန်ဒူးမြို့အခြေစိုက် ကောင်စစ်ဝန် ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် ကိုယ်စားလှယ်များ၊ အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါ 2026 Chengdu International Friendship Cities Cooperation and Development Conference ကို ချန်ဒူးမြို့တွင် မေလ ၁၄ ရက်မှ ၁၆ ရက်အထိ “Openness for Win-Win Cooperation Partnership for Shared Progress” ခေါင်းစဉ်ဖြင့် ကျင်းပမည်ဖြစ်ပြီး စကားဝိုင်းဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ညီအစ်မမြို့ဆက်ဆံရေးထူထောင်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ထိုးပွဲများကို ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။ ချစ်ကြည်ရေး ညီအစ်မမြို့များအကြား တိုးတက်မှုများ မျှဝေနိုင်ရန်နှင့် အတူတကွ ပူးပေါင်းဆောင်ရွက်မှုဖြင့် အောင်မြင်မှုများ ရရှိနိုင်ရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
#MNP #News


No comments:
Post a Comment