AYA Tri-Nation Cup ပြိုင်ပွဲတွင် ဝင်းသိင်္ဂီထွန်း ကျန်းမာရေးအခြေအနေကြောင့် ပါဝင်နိုင်မည်မဟုတ်ကြောင်း MFF ထုတ်ပြန် - Myanmar National Post

Myanmar National Post

News Agency

Breaking

AYA Tri-Nation Cup ပြိုင်ပွဲတွင် ဝင်းသိင်္ဂီထွန်း ကျန်းမာရေးအခြေအနေကြောင့် ပါဝင်နိုင်မည်မဟုတ်ကြောင်း MFF ထုတ်ပြန်


လာမည့် ဇွန်လ ၃ ရက်နေ့တွင် စတင်ကျင်းပတော့မည့် AYA Tri-Nation Cup 2026 ပြိုင်ပွဲအတွက် ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် အဓိကတိုက်စစ်မှူးဖြစ်သူ ဝင်းသိင်္ဂီထွန်းမှာ ကျန်းမာရေးအခြေအနေကြောင့် ပါဝင်ကစားနိုင်ဦးမည်မဟုတ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် က သတင်းထုတ်ပြန်ထားသည်။ 

ဝင်းသိင်္ဂီထွန်းသည် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ ပဏာမလူစာရင်းတွင် ရွေးချယ်ခံထားရသော်လည်း လတ်တလော ကြုံတွေ့နေရသည့် ကျန်းမာရေးအခြေအနေကြောင့် အသင်းနှင့်အတူ ပူးပေါင်းနိုင်ခြင်းမရှိဘဲ အနားယူနေရခြင်း ဖြစ်ကြောင်း၊ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဆရာဝန်၏ ပြောကြားချက်အရ တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းသည် ဒဏ်ရာကြောင့်မဟုတ်ဘဲ ကျန်းမာရေးကိစ္စကြောင့် အသေးစားခွဲစိတ်မှုတစ်ခု ခံယူထားရခြင်းဖြစ်ပြီး၊ ခွဲစိတ်မှုအပြီး ပြန်လည်သက်သာလာစေရန်အတွက် တစ်လခွဲခန့် သီးသန့်အနားယူရမည်ဖြစ်ကြောင်း သိရသည်။ 

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် AYA Tri-Nation Cup ပြိုင်ပွဲအဖြစ် ဇွန်လ ၃ ရက်နေ့တွင် ဥဇဘက်ကစ္စတန်အသင်း၊ ဇွန်လ ၉ ရက်နေ့တွင် ထိုင်းအသင်းတို့နှင့် ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်း၌ ညနေ ၅ နာရီတွင် အသီးသီး ယှဉ်ပြိုင်ကစားသွားရမည် ဖြစ်သည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)