မေ - ၂၇ ( ဗုဒ္ဓဟူးနေ့ )
ယူကရိန်းအတွက် အမြောက်ကျည်များကို ပူးပေါင်းဝယ်ယူပေးရန် ရည်ရွယ်ထားတဲ့ ချက်နိုင်ငံကဦးဆောင်တဲ့ အစီအစဉ်မှ နိုင်ငံ ၉နိုင်ငံ နုတ်ထွက်သွားကြောင်း ချက်သမ္မတ ပက်ထရီပေဗယ် က ပြောကြားခဲ့ပါတယ်။ ထိုအစီအစဉ်က စတင်တည်ထောင်ချိန်မှစ၍ ရန်ပုံငွေထောက်ပံ့မှု မလုံလောက်ခြင်း ပြဿနာနဲ့ ရင်ဆိုင်နေရတယ်။
၂၀၂၄ ခုနှစ်တုန်းက ပေဗယ်သည် ယင်းအစီအစဉ်ကို ကြေညာခဲ့စဉ်က ကနေဒါ၊ ဒိန်းမတ်၊ ဂျာမနီနဲ့ နယ်သာလန်တို့ အပါအဝင် နိုင်ငံ ၁၈ နိုင်ငံခန့်က ပါဝင်ရန် သဘောတူခဲ့ကြပါတယ်။ ထိုအချိန်ကတည်းက အနောက်နိုင်ငံများရဲ့ လက်နက်ထုတ်လုပ်ရေးကုမ္ပဏီများက ယူကရိန်းရဲ့ ကျည်လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်ခဲ့ဘဲ တစ်နှစ်အတွင်း အမြောက်ကျည် ၁.၃ သန်းသာ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ အခြားတစ်ဖက်တွင် ရုရှားက ကျည် ၄.၅ သန်းအထိ ထုတ်လုပ်နိုင်ခဲ့ပြီး ကုန်ကျစရိတ်မှာလည်း အနောက်နိုင်ငံများထက် လေးပုံတစ်ပုံမျှသာ ရှိခဲ့ပါတယ်။
“ဒီစီမံကိန်းကတော့ ဆက်ပြီး အလုပ်လုပ်နေတုန်းပါပဲ။ ဒါပေမဲ့ ပြဿနာက အဖွဲ့ဝင်နိုင်ငံတွေထဲက ၉ နိုင်ငံလောက်ပဲ ငွေကြေးထည့်ဝင် ထောက်ပံ့နိုင်ကြပါတော့တယ်။ ဒီစီမံကိန်းက ယူကရိန်းကို ရောက်ရှိနေတဲ့ အကြီးစားအမြောက်ကျည်အားလုံးရဲ့ တစ်ဝက်လောက်ကို ဖြည့်ဆည်းပေးနေတဲ့အတွက်၊ ဒါကို တခြားအရာတစ်ခုနဲ့ အလွယ်တကူ အစားထိုးနိုင်မှာ မဟုတ်ပါဘူး” လို့ ပေဗယ် က ပြောပါတယ်။
ယူကရိန်း အတွက် အမြောက်ကျည် အရေအတွက် ၄ သန်းခန့်ကို ရှာဖွေဝယ်ယူပေးနိုင်ခဲ့ပေမဲ့ အဆိုပါအစီအစဉ်သည် မူလရည်မှန်းထားတဲ့ ပန်းတိုင်များနှင့် နှိုင်းယှဉ်ပါက အလွန်နောက်ကျကျန်ရစ်ခဲ့ပါတယ်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိ ကျည်ဝယ်ယူရန် ယူရို ၁.၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၆၂ ဘီလီယံ) ကိုသာ စုဆောင်းနိုင်ခဲ့ပြီး၊ မျှော်မှန်းထားတဲ့ ယူရို ၅ ဘီလီယံ၏ သုံးပုံတစ်ပုံပင် မပြည့်သေးကြောင်း NATO အရာရှိများက ရိုက်တာ သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။
ပေဗယ် က မည်သည့်နိုင်ငံများက အဆိုပါအစီအစဉ်မှ နုတ်ထွက်သွားကြောင်းကို ထုတ်ဖော်ပြောကြားရန် ငြင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ အမည်မဖော်လိုသော အနောက်တိုင်း စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦးကတော့ ဂျာမနီနဲ့ ဥရောပမြောက်ပိုင်းက နော်ဒစ်နိုင်ငံတွေကတော့ အစီအစဉ်မှာ ဆက်လက်ပါဝင်နေတုန်းပဲလို့ ဆိုပါတယ်။
ယူကရိန်းက စစ်ပွဲစတင်ခဲ့တဲ့ ၂၀၂၂ ခုနှစ် အစောပိုင်းကတည်းက အမြောက်ကျည်ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေခဲ့ရပြီး ယူကရိန်း အမြောက်ပစ်အားထက် ရုရှားက ၅ ဆ ပိုပစ်နိုင်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် အစောပိုင်းတွင် ယူကရိန်း၏ ကာကွယ်ရေးဝန်ကြီးဟောင်း ကလည်း “ကျည်ပြတ်လပ်မှု” ကို လျော့ပါးစေရန် ကျည်ထောက်ပံ့မှုများ တောင်းဆိုခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းသို့ ရောက်လာသောအခါ ယူကရိန်းတပ်ဖွဲ့များသည် စစ်မြေပြင်အခြေအနေ အများစုတွင် အမြောက်များအစား တစ်ကြောင်းသွား တိုက်ခိုက်ရေးဒရုန်းများ ကို အစားထိုးအသုံးပြုလာကြောင်း ရုရှားစစ်ဘက်သတင်းရင်းမြစ်များက ဆိုပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment