ပခုက္ကူခရိုင်အဆင့် ၂၀၂၆-၂၀၂၇ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပခုက္ကူခရိုင်အဆင့် ၂၀၂၆-၂၀၂၇ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ







ပခုက္ကူ၊  မေ ၂၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အဆင့် ၂၀၂၆-၂၀၂၇ပညာသင်နှစ်အတွက် "နိုင်ငံတော်စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်၉နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။

ပထမဦးစွာ ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများ က "မြန်မာ့ကျောင်း" သီချင်းဖြင့်သီဆိုဖျော်ဖြေ၍အခမ်းအနားဖွင့်လှစ်ကြပြီး ပခုက္ကူခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားကာ ခရိုင်ပညာရေးမှူး ဦးနိန်ဟုန်းက ၂၀၂၆-၂၀၂၇ပညာသင်နှစ် ကျောင်းအပ်နှံရေးဆိုင်ရာများ ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်၊ ပခုက္ကူတက္ကသိုလ်ပါမောက္ခ ချုပ် ဒေါက်တာတင်ထွန်းအောင်နှင့်လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်တာဝန်ရှိသူများက ၂၀၂၆ခုနှစ်၊ လူရည်ချွန်ဆုများ၊ ပညာရေးဝန်ကြီးဌာနက အခမဲ့ဖြန့်ဝေသော ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ဘောပင်၊ခဲတံနှင့် ကျောင်းဝတ်စုံများပေးအပ်ကြရာ အခြေခံပညာကျောင်းများမှဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက ကျောင်းသီချင်းအကအလှ များဖြင့် သီဆိုကပြဖျော်ဖြေကြသည်။ 

ပခုက္ကူခရိုင်အနေဖြင့် ၂၀၂၆-၂၀၂၇ပညာသင်နှစ်တွင် ပခုက္ကူမြို့နယ်တွင် ၁၃၅ကျောင်း၊ ရေစကြိုမြို့ နယ်တွင် ၃၀ကျောင်း၊ မြိုင်မြို့နယ်တွင် ၇ကျောင်း၊ ပေါက်မြို့နယ်တွင် ၂၃ကျောင်း၊ ဆိပ်ဖြူမြို့နယ်တွင် ၄၇ကျောင်း၊ ပုဂ္ဂလိကကျောင်း ၁၉ကျောင်း၊ နိုင်ငံတကာသင်ရိုးကျောင်း ၁ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်း ၁၂ကျောင်း၊ ကျောင်းပြင်ပ ၁ကျောင်း၊ ကျောင်းပြင်ပအခြေစိုက်စခန်း ၅ကျောင်း၊ စုစုပေါင်း ၂၈၀ကျောင်း ဖွင့်လှစ်သင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။   

ဘာမီသာ(ပခုက္ကူ)

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)