အေအိုင်နည်းပညာသုံး ဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားက စမ်းသပ်ပစ်လွှတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

အေအိုင်နည်းပညာသုံး ဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားက စမ်းသပ်ပစ်လွှတ်



မေ - ၂၇ ( ဗုဒ္ဓဟူးနေ့ ) 

မြောက်ကိုရီးယားနိုင်ငံက “အလေးချိန်ပေါ့ပါးပြီး မျိုးစုံအသုံးပြုနိုင်တဲ့ ဒုံးပျံပစ်လွှတ်စနစ် အသစ်” နဲ့ “တန်ပြန်တိုက်ခိုက်ရေး နည်းဗျူဟာသုံး ခရုစ်ဒုံးကျည် လက်နက်စနစ်အသစ်” ကို စမ်းသပ်ခဲ့ကြောင်း ဒီကနေ့ ပြောကြားခဲ့ပါတယ်။ 

တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်နဲ့သတင်းမှာတော့ အဆိုပါ စမ်းသပ်မှုများကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်က ကိုယ်တိုင်ကြီးကြပ်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ 

တောင်ကိုရီးယားဘက်က အပြောအရကတော့ အင်္ဂါနေ့တွင် မြောက်ကိုရီးယားက ၎င်းရဲ့ အနောက်ဘက် ကမ်းရိုးတန်းမှ ဒုံးကျည်အမျိုးမျိုးကို ပစ်လွှတ်ခဲ့ပြီး ၎င်းတို့ထဲတွင် ဘယ်လစ်စတစ်ဒုံးကျည်တစ်စင်းလည်း ပါဝင်ကြောင်း နဲ့ အဆိုပါ ဒုံးကျည်များသည် ခန့်မှန်းအားဖြင့် ကီလိုမီတာ ၈၀ (မိုင် ၅၀) ခန့် ပျံသန်းခဲ့ကြောင်း သိရပါတယ်။ 

လေ့လာသုံးသပ်သူများကတော့ ဒုံးကျည်စမ်းသပ်မှုများကို ဆက်တိုက်ပြုလုပ်ခြင်းအားဖြင့် မြောက်ကိုရီးယား နိုင်ငံက အားနည်းလာနေတဲ့ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများကို အခွင့်ကောင်းယူကာ ၎င်းရဲ့ နျူကလီးယားနိုင်ငံ အဆင့်အတန်းကို ပိုမိုခိုင်မာစေရန် ကြိုးပမ်းနေတယ်လို့ သုံးသပ်ထားကြပါတယ်။ 

KCNA ရဲ့ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ပြန်တဲ့ ကြေညာချက်တွင် အင်္ဂါနေ့က ပစ်လွှတ်မှုကို “တန်ပြန်တိုက်ခိုက်ရေး နည်းဗျူဟာသုံး ဘယ်လစ်စတစ်ဒုံးကျည်ရဲ့ အထူးမစ်ရှင်စွမ်းအားကို ခွဲခြမ်းစိတ်ဖြာရန်နဲ့ ပစ်ခတ်နိုင်တဲ့ အကွာအဝေး တိုးချဲ့ရန်၊ ၂၄၀ မမ အမြှောက်ပစ်ဒုံးရဲ့ ယုံကြည်စိတ်ချရမှုကိုလည်း စမ်းသပ်ခဲ့တယ်လို့ ပါရှိပါတယ်။ ထိုစနစ်တွင် အလွန်တိကျသော ကိုယ်ပိုင်လမ်းညွှန်စနစ်ကို အသုံးပြုထားတယ်လို့လည်း ဆိုပါတယ်။ 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က “အဓိက လက်နက်စနစ်များသည် ကျွန်ုပ်တို့၏ စစ်တပ်အင်အားကို အဆင့်မြှင့်တင်နေကြောင်း ထင်ရှားစွာ ပြသတဲ့ အချက်ပြမှုတစ်ခုဖြစ်ပြီး၊ နည်းပညာဆိုင်ရာ တိုးတက်မှုကြီးတစ်ခုကို ပြသနေပါတယ်။ ကျွန်ုပ်တို့၏ စစ်တပ် စစ်ဆင်ရေးများအတွက် မရှိမဖြစ်လိုအပ်သော အခြေအနေမှာ မည်သည့် ထိပ်တိုက်တွေ့ဆုံမှုမဆိုတွင် ရန်သူတပ်ဖွဲ့များ ရှင်သန်နိုင်ခြင်းမရှိအောင် လုံလောက်သော ဖျက်စီးအားရှိရမည်ဖြစ်ပြီး၊ ကံကောင်းခြင်းအပေါ် မှီခိုရမည့် အခြေအနေမဟုတ်စေရန် ဖြစ်တယ်” လို့ ဆိုသွားပါတယ်။ 


Ref - First Post

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)