နေပြည်တော်၊ မေ ၂၇
စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ TPE Co., Ltd. နှင့်ပူးပေါင်း၍ ရှမ်းပြည်နယ်(တောင်ပိုင်း) အမှတ် (၂) သံမဏိစက်ရုံ(ပင်းပက်)ရှိ စွန့်ပစ်အပူသုံး ဓာတ်အားပေး စက်ရုံ (Heat Recovery Power Station-HRPS) လည်ပတ်နိုင်ရေး ဆောင်ရွက်နေမှုကို မေ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစဉ် စက်ရုံအောင်မြင်စွာ စတင်လည်ပတ်နိုင်ရေးအတွက် လုပ်ငန်းစဉ်များအလိုက် အသေးစိတ်စစ်ဆေးဆောင်ရွက်ရေး၊ လိုအပ်သည့် ပစ္စည်းဖြည့်တင်းမှုများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ မှာကြားသည်။
အဆိုပါ စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံ HRPS ပြီးစီး ပါက Romelt Furnace ၏ Waste Heat Boiler မှ ထွက်ရှိလာသည့် စွန့်ပစ်အပူကို အသုံးပြု၍ လျှပ်စစ်ဓာတ်အား ၄၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ပြီး သံမဏိစက်ရုံ၏ သံရည်ကျိုလုပ်ငန်းအတွက် ကိုယ်ပိုင်လျှပ်စစ် ဓာတ်အားဖြင့် လည်ပတ်စေမည့်အပြင် ပိုလျှံလျှပ်စစ်ဓာတ်အားများအား National Grid သို့ ပို့လွှတ် ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။
#MNP #News

No comments:
Post a Comment