ပုဇွန်တောင်၊ မေ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနအနေဖြင့် အစိုးရသစ်ကာလ အများပြည်သူများ၏ အခြေခံလိုအပ်ချက်ကို ရှေးရှု၍ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် Biometric ကောက်ယူ၍ UID ကတ်ထုတ်ပေးခြင်း လုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၅) ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံးနှင့် အမှတ်(၁၀) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ထွန်းမြင့် ဦးဆောင်သည့် ဝန်ထမ်းများက အမှတ်(၅)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များအတွင်းရှိ ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် Biometric ကောက်ယူ၍ UID ကတ် ထုတ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းရာများသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စန်းဦး၊ မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှု အားပေးခဲ့ရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးက လုပ်ငန်းများဆောင်ရွက်ပုံအဆင့်ဆင့်အား ရှင်းလင်းတင်ပြခဲ့ကြောင်းနှင့် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric ကောက်ယူ၍ UID ကတ် ထုတ်ပေးခြင်းများကို သက်ဆိုင်ရာရပ်ကွက်များအလိုက် မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဟန်စုယဉ်
#MNP #News




No comments:
Post a Comment