ပေါင်၊ မေ ၇
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ပူပြင်းခြောက်သွေ့သော နွေရာသီတွင် သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ယမန်နေ့က ကဒုံစီးရပ်ကွက်ရှိ သောက်သုံးရေလိုအပ်လျက်ရှိသော ပြည်သူများအား သောက်သုံးရေများ(အခမဲ့) လှူဒါန်းပေးခဲ့သည်။
အဆိုပါလှူဒါန်းမှုအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးထွန်းထွန်းဦး ဦးဆောင်၍ ဝန်ထမ်းများက ဂါလံ (၁၀၀၀)ရှိ ရေသယ်ယာဉ်(၂)စီးဖြင့် ရပ်ကွက်အတွင်းရှိသောက်သုံးရေလိုအပ်လျက်ရှိသောနေအိမ်များသို့ အိမ်တိုင်ရာရောက် သောက်သုံးရေများ (အခမဲ့) လှူဒါန်းခဲ့ကြောင်းသိရသည်။
မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပူပြင်းခြောက်သွေ့သည့် နွေရာသီကာလအတွင်း ရပ်ကွက်/ကျေးရွာများတွင် ရေပြတ်လပ်မှုမရှိစေရေးနှင့် ရေအခက်အခဲဖြစ်နေသည့် ပြည်သူများအား ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မွန်မလေး
#MNP #News



No comments:
Post a Comment