ရွှေ့ပြောင်းတွေက အုပ်စုဖွဲ့မုဒိမ်းကျင့်လို့ အီတလီရဲတွေ ဖမ်းဆီး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေ့ပြောင်းတွေက အုပ်စုဖွဲ့မုဒိမ်းကျင့်လို့ အီတလီရဲတွေ ဖမ်းဆီး





မေ - ၃၁ ( တနင်္ဂနွေနေ့ ) 

အီတလီနိုင်ငံ၊ ရောမမြို့တွင် ကမ္ဘာလှည့်ခရီးသွား အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲခြင်း၊ ဆေးခတ်ခြင်းနှင့် အုပ်စုဖွဲ့မုဒိမ်းကျင့်ခြင်းတို့ ကျူးလွန်ခဲ့တယ်လို့ သံသယရှိခံလိုက်ရတဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ငါးဦးကို ဖမ်းဆီးလိုက်ကြောင်း အီတလီရဲတပ်ဖွဲ့က ကြာသပတေးနေ့ ထုတ်ပြန်ချက်တစ်ခု၌ ပြောကြားခဲ့ပါတယ်။ 

စုံစမ်းစစ်ဆေးရေးမှူးများရဲ့ ပြောကြားချက်အရ ပြီးခဲ့တဲ့အပတ်က အသက် ၃၂ နှစ်အရွယ် ကိုလံဘီယာနိုင်ငံသူ အမျိုးသမီးသည် အီတလီမြို့တော်ရှိ စားသောက်ဆိုင်တစ်ခုတွင် တစ်ဦးတည်း ညစာစားပြီး တည်းခိုခန်းကို ပြန်လာချိန်၌  ပြန်ပေးဆွဲခံခဲ့ရခြင်း ဖြစ်ပါတယ်။ သူမက ဆေးခြောက်  ဝယ်ယူရန် ရှာဖွေနေကြောင်း သိရှိပြီးနောက် အမျိုးသားတစ်ဦးက သူမထံ ချဉ်းကပ်လာပြီး ပြန်ပေးဆွဲခံလိုက်ရတာပဲ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ 

ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ အဆိုပါအမျိုးသားက အမျိုးသမီးအား လူသူဆိတ်ငြိမ်သော နေရာတစ်ခုသို့ ဖြားယောင်းခေါ်ဆောင်သွားခဲ့ပြီးနောက် ၎င်းအား ဗန်ကားတစ်စီးပေါ်သို့ အတင်းအဓမ္မ တင်ဆောင်ကာ အနည်းဆုံး ရွှေ့ပြောင်းနေထိုင်သူ ၂၂ ဦး ခိုလှုံနေတဲ့ စွန့်ပစ်ထားသော အဆောက်အအုံတစ်ခုသို့ ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။ အမျိုးသမီးရဲ့ ဖုန်းနှင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံအထောက်အထား စာရွက်စာတမ်းများကိုလည်း ခိုးယူခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးမှူးများက ပြောကြားခဲ့ပါတယ်။ 

ထို့နောက် နောက်ထပ်သုံးရက်တာကာလအတွင်း အဆိုပါအမျိုးသမီးကို အမျိုးသားအမြောက်အမြားက ထပ်ခါတလဲလဲ မုဒိမ်းကျင့်ခြင်းကို ခံခဲ့ရပြီး၊ မူးယစ်ဆေးဝါးများ အမြဲတစေ တိုက်ကျွေးခြင်းခံထားရကာ သတ်ပစ်မယ်လို့လည်း ခြိမ်းခြောက်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က စွပ်စွဲထားပါတယ်။ 

သူမအပေါ် ကျူးလွန်ခဲ့သူများ အာရုံလွှဲနေသည့်အချိန်တွင် အမျိုးသမီးသည် ထွက်ပြေးလွတ်မြောက်ရန် အခွင့်အရေးကို အရယူခဲ့ပြီး  အဝတ်အစား ဗလာကျင်းလုနီးပါးဖြင့် တုန်လှုပ်ခြောက်ခြားဖွယ် အခြေအနေတွင် လမ်းသွားလမ်းလာတစ်ဦးထံ အကူအညီတောင်းခံခဲ့လို့ အဆိုပါ လမ်းသွားလမ်းလာက ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ခြင်းဖြစ်ပါတယ်။ 

၎င်းအား ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ဆရာဝန်များက အမျိုးသမီး၏ ပြောပြချက်များ နဲ့  ကိုက်ညီတဲ့ ဒဏ်ရာများကို တွေ့ရှိခဲ့ရပြီး ၎င်း၏သွေးအတွင်း၌လည်း မူးယစ်ဆေးဝါး အကြွင်းအကျန်များကို တွေ့ရှိခဲ့ရကြောင်း ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ 

ရဲတပ်ဖွဲ့သည် လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များ၊ အခြားအေဂျင်စီများနှင့် ပူးပေါင်းကာ အဆိုပါ စွန့်ပစ်ထားသော အဆောက်အအုံကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။ ရဲအရာရှိများသည် ထိုနေရာ၌ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၂၂ ဦးကို တွေ့ရှိခဲ့ပြီး အုပ်စုဖွဲ့မုဒိမ်းကျင့်မှုတွင် ပါဝင်ပတ်သက်တယ်လို့ သံသယရှိသူ အမျိုးသားငါးဦးကို ဖမ်းဆီးခဲ့ပါတယ်။ 

ထိုနေရာတွင် တွေ့ရှိရတဲ့ ရွှေ့ပြောင်းနေထိုင်သူများအနက် ၁၁ ဦးကို ပြည်နှင်ဒဏ်ပေးရန် စီစဉ်ထားကြောင်း နဲ့  မုဒိမ်းကျင့်မှုနှင့် ဆက်နွှယ်ပြီး ဖမ်းဆီးခံရသည့် သံသယရှိသူ ငါးဦးစလုံးမှာ အာဖရိကနွယ်ဖွားများဖြစ်ကြောင်း ဒေးလီမေးလ် သတင်းစာက ဖော်ပြခဲ့ပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)