မေ - ၃၁ ( တနင်္ဂနွေနေ့ )
ပဲရစ်မြို့ခံဘောလုံးအသင်း ပဲရစ်စိန့်ဂျာမိန်း (PSG) က အာဆင်နယ်အသင်းကို အနိုင်ယူပြီး ချန်ပီယံလိဂ်ဖလား ရသွား ပြီးနောက် မနေ့ညက ပဲရစ်မြို့မှာ ပရိသတ်တွေက စကူတာတွေကို မီးရှို့ပြီး ဆူပူသောင်းကျန်းမှုတွေ လုပ်ခဲ့တာကြောင့် ရဲတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။
ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်စ် တွင် ကစားခဲ့တဲ့ အဆိုပါပွဲစဉ်ရဲ့ ထုတ်လွှင့်မှုကို ကြည့်ရှုရန် အေလီဇေး ရင်ပြင်တွင် လူပေါင်း ၂သောင်းခန့် စုဝေးရောက်ရှိခဲ့ကြတယ်။ ပြင်သစ်ကလပ်က အင်္ဂလိပ်ပြိုင်ဘက်ကို ပင်နယ်တီ အဆုံးအဖြတ်တွင် ၄-၃ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် အောင်ပွဲခံမှုများ ဖြစ်ခဲ့ပါတယ်။ ပရိတ်သတ်အချို့က စကူတာများကို မီးရှို့ကာ ရဲတပ်ဖွဲ့အား မီးရှူးမီးပန်းများ ပစ်လွှတ်ခြင်းကြောင့် မကြာမီတွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပါတယ်။
"စုစုပေါင်း လူဦးရေ ၁၃၁ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၎င်းတို့အနက် ၄၅ ဦးကို ချုပ်နှောင်ထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ ရဲအရာရှိတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒေသစံတော်ချိန် ည ၁၁ နာရီ ၃၀ မိနစ်တွင် ဖမ်းဆီးထိန်းသိမ်းခံရသူ အရေအတွက်မှာ ၃၂၆ ဦးအထိ မြင့်တက်လာကြောင်း ရဲတပ်ဖွဲ့က ထပ်မံပြောကြားခဲ့ပါတယ်။
ရဲတပ်ဖွဲ့သည် ပါးစ်ဒေပရင့် အားကစားကွင်းအပြင်ဘက်တွင် လူအချို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ မော်တော်ယာဉ် ၆ စီး နဲ့ စီးပွားရေးလုပ်ငန်း၂ ခု ပျက်စီးဆုံးရှုံးခဲ့ကြောင်း AFP သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အေလီဇေး ရင်ပြင်အနီးရှိ အရောင်းဆိုင်တစ်ဆိုင် မီးရှို့ခံခဲ့ရပြီး ဘတ်စကားမှတ်တိုင်တစ်ခုလည်း ဖျက်ဆီးခံခဲ့ရကြောင်း သိရပါတယ်။
PSG အသင်းက ချန်ပီယံလိဂ်ဖလားကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် မာဆေးလ် အသင်းပြီးနောက် ဥရောပရဲ့ ထိပ်တန်းကလပ်ပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်သည့် ဒုတိယမြောက် ပြင်သစ်ကလပ်အသင်း ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့သည့်နှစ်က အဆိုပါကလပ်အသင်း အောင်ပွဲခံစဉ်ကလည်း ပါရီမြို့၌ ဆူပူအုံကြွမှုများ ဖြစ်ပွားခဲ့သဖြင့် လူနှစ်ဦး သေဆုံးကာ ၅၀၀ နီးပါး ဖမ်းဆီးခြင်းခံခဲ့ရပြီး အောင်ပွဲပုံရိပ်ကို ထိခိုက်ညှိုးနွမ်းစေခဲ့ပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment