ပေါင်၊ မေ ၃၁
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ သဘာဝဘေးဒဏ်များကြောင့် ဓာတ်အားပြတ်တောက်မှုမရှိစေရေး
နှင့်ဓာတ်အား လိုင်းများကြံ့ခိုင်မှုရှိစေရေးတို့အတွက် ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင်ပေါင်မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးရဲထွန်းဦးစီးသော ဝန်ထမ်းများသည်သထုံ ဓာတ်အားပေးစက်ရုံမှ ပေါင်မြို့သို့ သွယ်တန်းထားသော 33 KV ဓာတ်အားလိုင်းတစ်လျှောက် ကြည့်ရှုစစ်ဆေးခြင်း၊ ဓာတ်အားလိုင်းနှင့် နီးကပ်နေသည့်
သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ချုံနွယ်များ ရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မွန်မလေး
#MNP #News





No comments:
Post a Comment