ရန်ကုန်၊ မေ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ လှော်ကားကျေးရွာအုပ်စုရှိ Yangon Waste to Energy Plant (ရန်ကုန်အမှိုက်မှစွမ်းအင်ထုတ်လုပ်သည့်စက်ရုံ) သို့ ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ်၊ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာ မျိုးသော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုးဦး၊ စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်၊ အတွင်းရေးမှူး ဦးနေဝင်းအောင် နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် Yangon Waste to Energy Plant (ရန်ကုန်အမှိုက်မှစွမ်းအင်ထုတ်လုပ်သည့်စက်ရုံ) နှင့်ပတ်သက်ပြီး တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြရာ စွန့်ပစ်အမှိုက်ပမာဏ၏ ၉၀ ရာခိုင်နှုန်းခန့်ကို လျှော့ချပေးနိုင်ပြီး သဘာဝပတ်ဝန်းကျင်နှင့်ဒေသခံပြည်သူတို့၏ ကျန်းမာရေးပိုင်းဆိုင်ရာများကို ထိခိုက်မှုမရှိစေရန် ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
#MNP #News











No comments:
Post a Comment