ခိုလမ်မြို့၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ခိုလမ်မြို့၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ တွေ့ဆုံ




ခိုလမ်၊ မေ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တွေ့ဆုံမိတ်ဆက်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ခိုလမ်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။

 ဦးစွာ နမ့်စန်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းက  လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင်နှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၂)၊ ကိုယ်စားလှယ် ဒေါ်နန်းသီတာနွယ်တို့က မိတ်ဆက်စကားများပြောကြား၍ မြို့အဆင့်ဌာနဆိုင်ရာအကြီအကဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အတူတကွပေါင်းစပ် ဆောင်ရွက်မည့်အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ခိုလမ်မြို့စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မင်းစိုးနှင့် မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက သက်ဆိုင်ရာဌာနအလိုက်ဆောင်ရွက်လျက်ရှိသောလုပ်ငန်းတာဝန်များ၊ မြို့သန့်ရှင်းသာယာလှပရေးနှင့် ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုအခြေအနေများနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့်  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


ကျော်ဇင်

#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)