ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးထံသို့ ၎င်း၏ခန့်အပ်လွှာ(မိတ္တူ)အား ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးထံသို့ ၎င်း၏ခန့်အပ်လွှာ(မိတ္တူ)အား ပေးအပ်






မော်စကို၊ မေ ၈

ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမိုးအောင်သည် ၈-၅-၂၀၂၆ ရက်နေ့၊ ဒေသစံတော်ချိန် ၁၀:၀၀ နာရီတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Mr. Andrey Yurevich Rudenko ထံ ၎င်း၏သံအမတ်ခန့်အပ်လွှာ(မိတ္တူ)အား ပေးအပ်ခဲ့သည်။ 

သံအမတ်ခန့်အပ်လွှာ(မိတ္တူ)ပေးအပ်ပွဲအခမ်းအနားတွင် သံအမတ်ကြီး ဦးမျိုးမိုးအောင်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး တို့သည် နှစ်နိုင်ငံအကြား ကာလရှည်ကြာ တည်ရှိသည့် ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့် တည်ဆောက်သွားရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာဆက်ဆံရေးတွင် အပြန်အလှန် ထောက်ခံမှု ပေးနိုင်ရေးအတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ 

ထို့ပြင် မြန်မာသံအမတ်ကြီးက လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးအား ရှင်းလင်းပြောကြားခဲ့သည်။


#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)