ရန်ကုန်၊ မေ ၂၀
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်သည် လာမည့် ဇွန်လဆန်းတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် "AYA Bank Tri Nations Women's Football Invitation Cup - 2026" ပြိုင်ပွဲအတွက် သုဝဏ္ဏလူငယ်လေ့ကျင့်ရေးကွင်း ၅ ၌ လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ့အမျိုးသမီးအသင်း၏ လေ့ကျင့်မှုများကို ယနေ့ညနေပိုင်းက ကြည့်ရှုအားပေးခဲ့သည်။
ထိုသို့ သွားရောက်အားပေးရာတွင် မြန်မာ့အမျိုးသမီးအသင်း၏ ပြင်ဆင်မှုအခြေအနေများကို ကြည့်ရှုပြီး ပြိုင်ပွဲတွင် အကောင်းဆုံးပုံစံဖြင့် ယှဉ်ပြိုင်နိုင်ရေး၊ အသင်း၏ စည်းလုံးညီညွတ်မှုနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်ရေးတို့အတွက် ကစားသမားများနှင့် နည်းပြအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ အားပေးစကား ပြောကြားခဲ့သည်။
AYA Bank Tri-Nations Cup (Women’s Friendly) ပြိုင်ပွဲကို ၃ ဇွန် ၂၀၂၆ ၊ ညနေ ၄:၀၀ နာရီ မြန်မာနှင့် ဥဇဘတ်ကစ္စတန်၊ ၆ ဇွန် ၂၀၂၆ ၊ ညနေ ၄:၀၀ နာရီ ထိုင်းနှင့် ဥဇဘတ်ကစ္စတန်၊ ၉ ဇွန် ၂၀၂၆ ၊ ညနေ ၄:၀၀ နာရီ မြန်မာနှင့် ထိုင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
#MNP #News










No comments:
Post a Comment