မေ - ၂၀ ( ဗုဒ္ဓဟူးနေ့ )
ရုရှားရူဘယ်သည် ရေနံကနေရတဲ့ ဝင်ငွေများ မြင့်တက်လာမှုကြောင့် ၂၀၂၆ ခုနှစ်ရဲ့ ဒုတိယ သုံးလပတ်တွင် အမေရိကန် ဒေါ်လာနှင့် နှိုင်းယှဉ်ပါက ကမ္ဘာ့အကောင်းဆုံးငွေကြေး ဖြစ်လာခဲ့ကြောင်း ဘလွန်းဘာဂ် သတင်းဌာနက ဖော်ပြလာပါတယ်။
သတင်းဌာနမှ ပြုစုထားတဲ့ အချက်အလက်များအရ ရူဘယ်သည် ဧပြီလအစပိုင်းမှစတင်၍ ၁၂ % ခန့်တက်သွားပြီး တစ်ဒေါ်လာလျှင် ၇၂.၆ ရူဘယ် ဝန်းကျင်သို့တက်သွားကာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း ကနေ စပြီး အမြင့်ဆုံး သို့ တက်သွားတာပါ။
ငွေကြေးတန်ဖိုးကျဆင်းမှုကို ခန့်မှန်းတဲ့ တရားဝင် ဈေးကွက်ခန့်မှန်းချက်များမှ ကွဲလွဲသွားကာ ရူဘယ်တန်ဖိုးက ပိုတန်ဖိုးတက်ကြောင်း ကျွမ်းကျင်သူအချို့က စောဒကတက်စေခဲ့တယ်လို့ သတင်းက အင်္ဂါနေ့တွင် ဖော်ပြခဲ့ပါတယ်။
ရူဘယ်ရဲ့ အားကောင်းမှုက ဘဏ္ဍာရေးဈေးကွက်များတွင် ပိတ်ဆို့အရေးယူမှုများနှင့် ဆက်နွှယ်တဲ့ မညီမျှမှုများနှင့် ယူကရိန်းပဋိပက္ခရဲ့ ကုန်ကျစရိတ်များကို ထေမိစေရန် ရည်ရွယ်တဲ့ တင်းကျပ်သော ငွေကြေးမူဝါဒကြောင့် ရုရှားရဲ့ လက်ရှိစီးပွားရေးကို အဓိပ္ပါယ်ဖွင့်ဆိုချက်တစ်ခု ဖြစ်လာခဲ့တယ်လို့ ဘလွန်းဘာဂ်က ဆိုပါတယ်။ ပိုမိုအားကောင်းတဲ့ရူဘယ်သည် ငွေကြေးဖောင်းပွမှုဖိအားများကို တားဆီးနိုင်ပေမဲ့ ၎င်းသည် ပို့ကုန်လုပ်ငန်းရှင်များရဲ့ ဝင်ငွေနှင့် နိုင်ငံတော်ဘတ်ဂျက်ရငွေများအပေါ်တွင်လည်း ချိန်တွယ်နေကြောင်းကိုလည်း ဆိုပါတယ်။
ရုရှားရဲ့စီးပွားရေးက စစ်ရေးလိုအပ်ချက်များဖြင့် တွန်းအားပေးတဲ့ပုံစံကနေ ရုန်းထွက်ပါက ရူဘယ်သည် ပုံမှန်အဆင့်သို့ ပြန်လည်ရောက်ရှိနိုင်ခြေရှိကြောင်း ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ရုရှားစီးပွားရေးဝန်ကြီး က ရူဘယ်သည် လက်ရှိစီးပွားရေးပုံစံအတိုင်းဆိုရင် လာမည့်နှစ်များအတွင်း ပိုမိုအားကောင်းလာနိုင်တယ်လို့လည်း ဆိုထားပါတယ်။ “အခုတော့ အဲဒီထွက်ပေါက်တွေ မရှိတော့ဘူးဆိုတာ ရှင်းပါတယ်၊ ပြီးတော့ အသားတင်နိုင်ငံခြားပိုင်ဆိုင်မှုတွေက ကျနော်တို့ဘဏ္ဍာရေးစနစ်ထဲမှာ စုပုံနေပါတယ်”လို့လည်း ပြောပါတယ်။
ပြည်တွင်းဘဏ်တိုးနှုန်း မြင့်မားခြင်း၊ သွင်းကုန်များကျဆင်းခြင်း နဲ့ နိုင်ငံခြားငွေ ဝယ်လိုအားနည်းနေတာတွေက ၆၀% နီးပါးဖြစ်သွားတော့ ကျနော်တို့ရဲ့ ရူဘယ်ငွေပေါ်ကို အခြေချလာကြတာပဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
တစ်ချိန်တည်းမှာပင် စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် ရုရှားရေနံအပေါ် အမေရိကန်၏ ပိတ်ဆို့အရေးယူမှု တစ်စိတ်တစ်ပိုင်း ဖြေလျှော့ပေးခြင်းတို့ကြောင့် နိုင်ငံခြားငွေဝင်ရောက်မှု ပြန်လည်မြင့်တက်လာခဲ့ပါတယ်။ ရုရှားနိုင်ငံ၏ အကြီးဆုံး တင်ပို့ရောင်းချသူများ၏ အသားတင် နိုင်ငံခြားငွေရောင်းအား ဧပြီလတွင် ဒေါ်လာ ၇.၃ ဘီလီယံအထိ သုံးဆတိုးလာကြောင်း ဗဟိုဘဏ်၏ အချက်အလက်များအရ သိရပါတယ်။
REF: RT
#MNP #News


No comments:
Post a Comment