အီဘိုလာရောဂါဖြစ်နေတဲ့ နိုင်ငံတွေအား သွားဖူးတဲ့လူတွေကို အမေရိကန်က အဝင်မခံတော့ဘူး - Myanmar National Post

Myanmar National Post

News Agency

Breaking

အီဘိုလာရောဂါဖြစ်နေတဲ့ နိုင်ငံတွေအား သွားဖူးတဲ့လူတွေကို အမေရိကန်က အဝင်မခံတော့ဘူး



မေ - ၂၀ ( ဗုဒ္ဓဟူးနေ့ )

အီဘိုလာရောဂါဖြစ်ပွားမှုကြောင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (ဒီအာကွန်ဂို)၊ ယူဂန်ဒါ နဲ့  တောင်ဆူဒန်နိုင်ငံတို့မှ ရောက်ရှိလာတဲ့ နိုင်ငံခြားသားများကို အမေရိကန်က အရေးပေါ် ခရီးသွားလာခွင့် ကန့်သတ်ချက် ချမှတ်လိုက်ပါတယ်။  

ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန CDC ရဲ့ ကျန်းမာရေးနှင့် လူသားဝန်ဆောင်မှုဌာနက လွန်ခဲ့သည့် ၂၁ ရက်အတွင်း မည်သည့်နိုင်ငံသို့မဆို သွားရောက်လည်ပတ်ခဲ့သော အမေရိကန် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူ မဟုတ်သူများကို နိုင်ငံတွင်းသို့ ဝင်ရောက်ခြင်းမှ တားမြစ်မည်ဖြစ်ကြောင်း တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့ပါတယ်။ 

သောကြာနေ့တွင် ဒီအာကွန်ဂိုနဲ့ ယူဂန်ဒါ တို့က ၎င်းတို့ရဲ့ ပထမဆုံး အီဘိုလာရောဂါဖြစ်ပွားမှုကို အတည်ပြုပြီးနောက် ယခုကဲ့သို့ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ တနင်္ဂနွေနေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ဗိုင်းရပ်စ်ကူးစက်မှုကို ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပါတယ်။ 

ဒီအာကွန်ဂိုတွင် အလုပ်လုပ်နေတဲ့ အမေရိကန်တစ်ဦးမှာ အီဘိုလာရောဂါပိုးတွေ့ရှိခဲ့ပြီး ဆေးကုသမှုခံယူရန် ဂျာမနီသို့ ရွှေ့ပြောင်းထားကြောင်း အမေရိကန်အာဏာပိုင်များက အတည်ပြုခဲ့ပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ အခြားအမေရိကန်နိုင်ငံသား ခြောက်ဦးကိုလည်း ဆေးဘက်ဆိုင်ရာ စောင့်ကြည့်မှုအောက်တွင် ထားရှိထားပါတယ်။ 

အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (Africa CDC) မှ တနင်္လာနေ့တွင် အစီရင်ခံတင်ပြသည်မှာ ဒီအာကွန်ဂိုတွင် အီဘိုလာရောဂါကူးစက်ခံရသူ ၃၉၅ ဦးနှင့် ဆက်စပ်သေဆုံးမှု ၁၀၆ ဦးတို့ရှိပြီး ယူဂန်ဒါနိုင်ငံ ကမ်ပါလာတွင် ယခုအချိန်အထိ အတည်ပြုလူနာ ၂ ဦးနှင့် သေဆုံးမှု ၁ ဦးရှိကြောင်း သိရပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)