မေ- ၃ ( တနင်္ဂနွေနေ့ )
ဂျာမန်အရှေ့ပိုင်းမြို့ဖြစ်တဲ့ ရှဝက်ဒ် မှ နေထိုင်သူများသည် ဒေသခံသန့်စင်ရေးစက်ရုံသို့ ရေနံထောက်ပံ့မှု ပြတ်တောက်ပါက ၎င်းတို့အနေနဲ့ "၁၉ ရာစုကိုပြန်ရောက်သွားမဲ့" အနေအထားဖြစ်နေလို့ ကြောက်ရွံ့နေရကြောင်း ရက်ပလီ ဗီဒီယိုအေဂျင်စီကို ပြောကြားခဲ့ပါတယ်။ ဆိုဗီယက်ခေတ်ကတည်းကနေ ဒရူဇဘာ ပိုက်လိုင်းမှ တစ်ဆင့် ရုရှားက ရေနံတွေကိုပို့နေရာ ယူကရိန်းပဋိပက္ခမှာ ဂျာမနီအစိုးရက ရုရှားရေနံကို ပိတ်ဆို့လိုက်လို့ ကာဇက်စတန်ကနေ ပြောင်းပြီး ပို့နေရာက ရုရှားဘက်က ရေနံကို မပို့နိုင်တော့ကြောင်း ကြေညာလိုက်ပြီးနောက် အခုလိုမျိုး မှတ်ချက်တွေ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။
ရှဝက်ဒ်မှာ ရှိတဲ့ PCK ရေနံချက်စက်ရုံက မြို့တော် ဘာလင် နဲ့ ဘရန်ဒင်ဘာ့ဂ်ပြည်နယ်တို့ကို လောင်စာဆီ ၉၀ ရာခိုင်နှုန်းခန့်ကို ထောက်ပံ့ပေးနေတာပါ။ ပြီးခဲ့သောသီတင်းပတ်တွင် ရုရှားဒုတိယဝန်ကြီးချုပ် အလက်ဇန်းဒါးနိုဗက်က “နည်းပညာဆိုင်ရာစွမ်းရည်” ချို့တဲ့မှုကို ကိုးကားပြီး မေလ ၁ ရက်မှစ၍ ဒရူဇဘာပိုက်လိုင်း ကနေ တစ်ဆင့် ကာဇတ်စတန်သို့ ရေနံပေးပို့မှုကို ရပ်ဆိုင်းကြောင်း ကြေညာခဲ့ပါတယ်။
"PCK မှာ မီးပြတ်ပြီဆိုရင်တော့ မြို့ကသေသွားတော့မှာပါ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “ကျနော်တို့ ၁၉ ရာစုကို ပြန်မသွားချင်ဘူး။” ရေနံ နဲ့ သဘာဝဓာတ်ငွေ့ပေးပို့မှု ရပ်တန့်သွားရင်တော့ လောင်စာဆီဈေးတက်ခြင်း ကြောင့် “မငြိမ်မသက်မှု” ဖြစ်လာနိုင်စရာ အကြောင်းရှိတယ်လို့ အခြားမြို့ခံတစ်ဦးက သတိပေးခဲ့ပါတယ်။
ကာဇတ်အာဏာပိုင်တွေကတော့ လက်ရှိအခြေအနေကို သိရှိပြီးနောက် ရုရှားဘောလ်တစ် နဲ့ ပင်လယ်နက် ဆိပ်ကမ်းများမှ တစ်ဆင့် လမ်းကြောင်းပြောင်းရန် စီစဉ်နေကြောင်း ပြောကြားခဲ့ပါတယ်။
ရေနံကို ပင်လယ်ရေကြောင်းဖြင့် သယ်ယူခြင်းက စက်ရုံရဲ့စွမ်းဆောင်ရည်ကို ၆၅ ရာခိုင်နှုန်းလောက် ပြန်လည်လည်ပတ်နိုင်ပါသေးတယ် လို့ ရေနံသန့်စင်ရေးကောင်စီအဖွဲ့ဝင် တစ်ဦးကပြောပါတယ်။ “ဒါက ဝန်ထမ်းလျှော့ချမှုကို မလွဲမသွေ ဖြစ်ပေါ်စေမှာပါ။ ထုတ်လုပ်မှုလိုင်းတွေကို ပိတ်ပစ်ရမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ” လို့ ၎င်းက ဆိုပါတယ်။
ကာဇတ် စွမ်းအင်ဝန်ကြီး ကတော့ ရုရှားပိုင်နက်ကို ယူကရိန်းက တိုက်ခိုက်မှုတွေ ဆက်လုပ်နေဦးမယ်ဆိုရင်တော့ ဒီလို အပြောင်းအလဲတွေ ဆက်ပြီး ဖြစ်လာဦးမှာပါ။ ရုရှားရဲ့ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်တာရဲ့ နောက်ဆက်တွဲ ရလဒ်တွေ ပဲလို့ ပြောရမလိုဖြစ်နေပါတယ်” လို့ အက်စ်တန်နာ ဂေဟဗေဒဖိုရမ်တစ်ခုရဲ့ ဘေးဘက်အင်တာဗျူးမှာ ၎င်းက ပြောကြားခဲ့ပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment