ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင် ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးစခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင် ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးစခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး


ရန်ကုန်၊ မေ ၃

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်သည် ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချိုနှင့်အတူ ယမန်နေ့က မြဝတီ-ရန်ကုန် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးစခန်း၌ ကုန်ပစ္စည်းစစ်ဆေးရေး ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် အစည်းအဝေးခန်းမ၌ ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးစခန်း ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များနှင့်တွေ့ဆုံရာ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် စခန်းတာဝန်ခံတို့က ကုန်ပစ္စည်း စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်း ဆောင်ရွက်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ တက်ရောက်လာကြသည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် လိုအပ်ချက်များ၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီးက နယ်မြေဒေသလုံခြုံရေးနှင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက တာဝန်ကျဌာနဆိုင်ရာများအားလုံး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် တာဝန်ထမ်းဆောင်ရာတွင် အဂတိတရားကင်းရှင်းစွာဖြင့် ထမ်းဆောင်သွားကြရန် မှာကြားပြီးလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးစခန်း၌ တားဆီးဖမ်းဆီးပစ္စည်းများ ထိန်းသိမ်းထားရှိမှု၊ ပို့ကုန် /သွင်းကုန် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကုန်ပစ္စည်းများကို X - Ray စက် ဖြင့် ဖြတ်သန်းစစ်ဆေးနေမှု၊ ပို့ကုန်/သွင်းကုန်ပစ္စည်းများ ချိန်တွယ်စစ်ဆေးသည့်ကတ္တားများ တည်ဆောက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)