ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အမှတ်တရ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အမှတ်တရ


လူတိုင်းမှာ အခွင့်အရေးရှိပါတယ်။ လူတိုင်းအတွက် စည်းကမ်းဆိုတာလည်း ရှိပါတယ်။ နယ်ပယ်အသီးသီးမှာ ကျင့်ဝတ်ဆိုတာ ရှိပါတယ်။ အခွင့်အရေးကို အသုံးချပြီး ကျင့်ဝတ်စည်းကမ်းတွေကို မျက်ကွယ်ပြုလာရင် အဲဒီနယ်ပယ်ဟာ ပျက်စီးပြိုယွင်းသွားတော့တာပါပဲ။

ယနေ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့လို့ ဆိုပါတယ်။ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် UN လက်အောက်ခံ UNESCO အနေဖြင့် "လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်စောင့်ရှောက်ရန်နှင့် ငြိမ်းချမ်းရေး၏ အခြေခံမဏ္ဍိုင်ဖြစ်သော သတင်းစာပညာကို ပိုမိုခိုင်မာစွာ ဆောင်ရွက်နိုင်စေရန် ထပ်လောင်းကတိပြု တောင်းဆိုအပ်ပါသည်။" လို့ ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

စာရေးသူကိုယ်တိုင်လည်း စာနယ်ဇင်းနယ်ပယ်ထဲက ဖြစ်သည့်အလျောက် မိမိရသင့်ရထိုက်သည့် အခွင့်အရေးတွေ ရချင်ပါတယ်။ သို့သော် မိမိအခွင့်အရေးကို ရှေးတန်းတင်ပြီး ပြောဆိုချင်ထက် သတင်းသမားတစ်ယောက်သည် အများပြည်သူ ထိခိုက်နစ်နာမှုများ၊ အများပြည်သူ ရသင့်ရထိုက်သည့် အခွင့်အရေးများကိုသာ ရှေ့တန်းတင်ပြီး မိမိလက်လှမ်းမီသ၍ ဆောင်ရွက်ပါတယ်။ သတင်းသမားဖြစ်သည့်တိုင်အောင် သတင်းသမားအခွင့်အရေး ဆိုတာကို ရှေ့တန်းတင် ပြောဆိုတာမျိုး မလုပ်ချင်ပါဘူး။ အခွင့်အရေးသမား ဖြစ်သွားမှာ ဆိုးလို့ပါပဲ။

မြန်မာပြည်မှာ အမှန်တကယ်ဖြစ်ခဲ့ပါတယ်။ သတင်းသမားတွေက သတင်းသမားအခွင့်အရေး ဆန္ဒပြလှုပ်ရှားမှုတွေ လုပ်ဆောင်သည်အထိ အနက်ရောင် ဝတ်စုံကြီးတွေဝတ်ပြီး လုပ်ခဲ့ကြဖူးပါတယ်။ အဲဒီအထဲမှာ ပါဝင်တဲ့ သတင်းသမားအမည်ခံ အခွင့်အရေးသမားများကပင် တိုင်းဖျက် ပြည်ဖျက် လုပ်ရပ်တွေကို ပြည်ဖျက်မိစ္ဆာများနဲ့ ပူးပေါင်းလုပ်ဆောင်နေတာကို ၂၀၂၁ မှ ယနေ့တိုင်အောင် တွေ့မြင်နိုင်ပါတယ်။

UNESCO ရဲ့ ထုတ်ပြန်ချက်မှာ "သတင်းစာပညာကို တိတ်ဆိတ်စေသည့်အခါ ငြိမ်းချမ်းရေးလည်း အားနည်းသွားပါတယ်။ သတင်းထောက်များကို ကာကွယ်ခြင်းသည် ပြည်သူတို့၏ သိပိုင်ခွင့်ကို ကာကွယ်ခြင်း ဖြစ်ပါတယ်။" လို့ ဆိုထားပါတယ်။

အခွင့်အရေးသမားတွေအတွက် သိပ်ကို လှပတဲ့ စကားလုံးတွေပေါ့။ UNESC ရဲ့ ထုတ်ပြန်ချက်သည် ထုတ်ပြန်ချက်သာ ဖြစ်ပါတယ်။ အမှန်တရားတော့ မဟုတ်ပါဘူး။ လိုရာစွဲ ရေးသားထားမှုလို့ ဆိုရင်လည်း မမှားပါဘူး။ တာဝန်ယူမှု တာဝန်ခံမှု၊ ကျင့်ဝတ်သိက္ခာမရှိရင် သတင်းသမားမှ မဟုတ်ပါဘူး။ နယ်ပယ်အသီးသီးမှာ ကျင်လည်နေကြသူတွေအားလုံး လူအချင်းချင်း လေးစားတန်ဖိုးထားမှု မရှိရင် ငြိမ်းချမ်းရေး ဖြစ်မလာပါဘူး။ 

မြန်မာပြည်ရဲ့ ဖြစ်စဉ်ကို သာဓကထားပြီး ကြည့်ကြပါစို့။ NLD ပါတီက မဲလိမ်မဲခိုးမှုကြီး ကျူးလွန်ခဲ့တယ်။ ဖြေရှင်းဆောင်ရွက်ဖို့ တောင်းဆိုတာကို မသိကျိုးကျွန်ပြုခဲ့တယ်။ အဲဒီအချိန်ကတည်းက မီဒီယာတွေသာ တာဝန်သိစွာ၊ သစ္စာရှိစွာနဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေကို တားမြစ်ခဲ့မယ်ဆိုရင် ဆူပူအကြမ်းဖက်လှုပ်ရှားမှုအထိ ဖြစ်မလာပါဘူး။ မဲလိမ်မဲခိုးမှု ကျူးလွန်တဲ့ ပါတီအဖွဲ့အစည်းကို အကာအကွယ်ပေးပြီး ပြည်သူလူထုကို သတင်းအဆိပ်ခတ်ခဲ့ကြတယ်။ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်အောင် သတင်းသမားဆိုသူများက ပါဝင်လှုံ့ဆော်ခဲ့ကြတယ်။ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာများမှ သတင်းသမားအမည်ခံ အခွင့်အရေးသမားများရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် မြန်မာပြည်မှာ အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူပေါင်း သောင်းနဲ့ချီပြီး ေ-သဆုံးခဲ့ရပါတယ်။

ဒါကြောင့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အမှတ်တရအနေနဲ့ ကြီးသူ၊ ငယ်သူ သတင်းသမားဆိုသူများကို မိမိတို့သည် အစိုးရနဲ့ ပြည်သူကြား၊ တရားမျှတမှုရရှိရန် အလို့ငှာ ရပ်တည်ဆောင်ရွက်ကြသူများ ဖြစ်သည်နှင့်အညီ မိမိတို့ အခွင့်အရေးကို ရှေးတန်းမတင်ဘဲ အများပြည်သူကောင်းကျိုးကိုသာ ရှေ့တန်းတင် ဆောင်ရွက်ကြပါလေ။ အခွင့်အရေးကိုသာ တောင်းဆိုပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော သတင်းသမားများ မဖြစ်ကြပါစေနှင့်။ သတင်းသမားအမည်ခံ၍ အပြစ်မဲ့ ရဟန်းရှင်လူများကို လုပ်ကြံသတ်ဖြတ်ရန် လှုံ့ဆော်သည့် သူယုတ်မာ သတင်းသမားများ မဖြစ်ကြစေနှင့်။


နောင်တော်လေး (ဘိုကလေး)

#MNP #News 


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)