မေ - ၁၆ ( စနေနေ့ )
အမေရိကန်နှင့် အစ္စရေးတို့က အီရန်နိုင်ငံအပေါ် စစ်ရေးအရ စစ်ဆင်ရေးများ ပြန်လည်စတင်နိုင်ရေးအတွက် တက်ကြွစွာ ပြင်ဆင်နေကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး နယူးယောက်ခ်တိုင်းမ် သတင်းဌာန က ဖော်ပြခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အကြံပေးများက တိုက်ခိုက်မှုအသစ်များအတွက် အစီအစဉ်များကို ပြင်ဆင်ထားပေမဲ့ အမေရိကန်ခေါင်းဆောင်က နောက်ဆုံး ဆုံးဖြတ်ချက်ကို မချရသေးကြောင်း သတင်းဌာနက ဆိုပါတယ်။ ထရမ့်က အီရန်နျူကလီးယား စက်ရုံများမှ သန့်စင်ထားသော ယူရေနီယံ ထုတ်ယူရန် အထူးတပ်ဖွဲ့များရဲ့ မြေပြင်စစ်ဆင်ရေးများ ဝင်နိုင်ဖို့အတွက် ရွှေ့ဆိုင်းနေတာလို့လည်း ဆိုပါတယ်။
အပစ်အခတ်ရပ်စဲရေး ပျက်သွားပါက ဖေဖော်ဝါရီ ၂၈ ရက်က စတင်ခဲ့သော Epic Fury စစ်ဆင်ရေး နေရာတွင် အစားထိုးရန် ပင်တဂွန်က Sledgehammer စစ်ဆင်ရေးအတွက်စည်းရုံးမှု လုပ်နေတယ်လို့ သတင်းဌာနတွေက သူတို့ရထားတဲ့ သတင်းအချက်အလက်တွေကို ကိုးကားပြီးဖော်ပြပါတယ်။
REF: Tass
#MNP #News

No comments:
Post a Comment