ညောင်ဦး ၊ မေ ၁၆
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မန္တလေးလျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်း၏ လမ်းညွှန်မှု ညွှန်ကြားမှုများနှင့်အတူ ညောင်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ မီးသုံးလိုသူ ပြည်သူလူထုမှလျှောက်ထားလာသည့် သတ်မှတ်ချက်နှင့် ပြည့်စုံသောအိမ်သုံးမီတာနှင့် ပါဝါမီတာများကို ဌာန၏စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် အိမ်သုံးလျှပ်စစ်မီတာများ တပ်ဆင်ပေးလျှက်သော ရပ်ကွက်၊ ကျေးရွာများသို့ မေ ၁၆ ရက်၊ နံနက် ၈ နာရီခွဲအချိန်က ညောင်ဦးမြို့နယ် လျှပ်စစ်မန်နေရာနှင့်အဖွဲ့ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
ထို့သို့အိမ်သုံးမီတာနှင့် ပါဝါမီတာတပ်ဆင်ပေးလျှက်ရှိသည့် အမှတ် (၆)၊ အောင်မြေသာရပ် ကွက်နှင့် ဖျောက်ဆိပ်ပင်ကျေးရွာတို့တွင် တပ်ဆင်ထားရှိသော အိမ်သုံးမီတာနှင့်ပါဝါမီတာများ ဌာန၏ စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ မီးသုံးစွဲမှုကိုက်ညီမှု ရှိ/မရှိ၊ လျှပ်စစ် အန္တရာယ်ကင်းရှင်းစေရန် စနစ်တကျတပ်ဆင်ထားမှု ရှိ/မရှိတို့အား ညောင်ဦးမြို့နယ် လျှပ်စစ်မန်နေရာနှင့်အဖွဲ့မှ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment