ကမ္ဘာဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ သုံးယောက်တွဲ(Regu Event) Semi-Finalပွဲတွင် မြန်မာအသင်းက မလေးရှားအသင်းကို (၉-၁၅) (၁၀-၁၅) ဖြင့် အနိုင်ယူခဲ့သည်။
ယနေ့ (၁၉.၅.၂၀၂၆)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၂:၀၀)နာရီအချိန်တွင်ယှဉ်ပြိုင်ကစားခဲ့သည့် မလေးရှားအသင်းနှင့် မြန်မာအသင်းတို့၏ ၃ယောက်တွဲ (Regu Event)၊ အကြိုဗိုလ်လုပွဲတွင် မြန်မာအသင်းက မလေးရှားအသင်းကို (၁၅-၉)၊ (၁၅-၁၀) ဖြင့် ၂ပွဲပြတ်အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။
မြန်မာအသင်းသည် ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ယနေ့ညနေမြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန်တွင် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
လေးယောက်တွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် မြန်မာအသင်းက အိန္ဒိယအသင်းကို ရှုံးနိမ့်ခဲ့သည်။
ကမ္ဘာဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ ကို မလေးရှားနိုင်ငံတွင် ကျင်းပနေခြင်းဖြစ်သည်။
ဓာတ်ပုံ-World Of Sepaktakraw
#MNP #News




No comments:
Post a Comment