ကချင်ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး‌ ဒေါက်တာအောင်ဝင်း ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး ပညာပေးပြခန်းကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကချင်ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး‌ ဒေါက်တာအောင်ဝင်း ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး ပညာပေးပြခန်းကြည့်ရှုစစ်ဆေး

 

ပူတာအို  ၊ မေ ၁၉

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးဒေါက်တာအောင်ဝင်းသည် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း ဝန်ကြီးဌာနကွပ်ကဲမှု အောက်ရှိ အရာထမ်း၊ အမှုထမ်း၊ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးပညာပေးပြခန်းကို မေ(၁၈)ရက်ညနေပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီး ဒေါက်တာအောင်ဝင်းသည် ပူတာအိုမြို့ ခါကာဘိုရာဇီ အမျိုးသားဥယျာဥ် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ အရာထမ်း၊ အမှုထမ်း၊ ဝန်ထမ်းများနှင့်တွေ့ဆုံရာပြီး ပူတာအိုဒေသသည် ဖွံ့ဖြိုးမှုအလားအလာကောင်းသော ဒေသဖြစ်သည့်အပြင် သဘာဝတောတောင်၊ ရေ၊ မြေ ထူးခြားသည့် ဒေသဖြစ်သည့်အတွက် နိုင်ငံတော်အကြီးအကဲများ၏ အရေးစိုက်အလေးထားခြင်းကိုခံရသည့် ဒေသတစ်ခုဖြစ်ပါကြောင်း၊ ဒီဒေသတွင် တာဝန်ထမ်းဆောင်ကြသည့် ဝန်ထမ်းများအနေဖြင့် ဒေသခံပြည်သူလူထုနှင့် တစ်သားတည်းဖြစ်အောင် ကြိုးပမ်းနေထိုင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်းနှင့် မိမိတို့ကို ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို အစွမ်းကုန်ကြိုးစားဆောင်ရွက် သွားကြရန်မှာကြားလိုကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ သက်ဆိုင်ရာဦးစီးဌာနများမှ တာဝန်ရှိသူများက ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့်အစီအစဥ်များနှင့် ရက်(၁၀၀)စီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့်လုပ်ငန်းများကို အသီးသီးဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်ချက်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးသည် ခါကာဘိုရာဇီအမျိုးသားဥယျာဥ်အတွင်း ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးအသိပညာပေးပြခန်း၌ ပူတာအိုဒေသရှိ နို့တိုက်သတ္တဝါများ၊ ငှက်မျိုးစိတ်၊ ပန်းမျိုးစိတ်၊ လိပ်ပြာမျိုးစိတ်၊ ကမ္ဘာ့ရွှေ့ပြောင်းငှက်များ ပျံသန်းရာလမ်းကြောင်းပြမြေပုံ၊ သဘာဝတောတောင်နှင့် ရေခဲတောင်အလှတရားများ၊ ထိန်းသိမ်းရေးလုပ်ငန်းမှတ်တမ်းများ၊ သဘာဝအခြေခံခရီးသွား လုပ်ငန်းအခွင့်အလမ်းများကို ခါကာဘိုရာဇီအမျိုးသားဥယျာဥ် အုပ်ချုပ်ရေးမှူး ဒေါ်နီလာပွင့်နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ရာ ပြည်နယ်ဝန်ကြီးက သဘာဝရေမြေတောတောင် သယံဇာတအရင်းအမြစ်များစွာအား ထိန်းသိမ်းကြရေးနှင့် အဖိုးအရင်းအမြစ်များဖြစ်ကြောင်း လူထုအား ကျယ်ကျယ် ပြန့်ပြန့်စည်းရုံးဆောင်ရွက်ကြရေး မှာကြားခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)