သနပ်ပင်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်" ကျောင်းအပ်နှံရေးနှိုးဆော်ချက် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ - Myanmar National Post

Myanmar National Post

News Agency

Breaking

သနပ်ပင်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်" ကျောင်းအပ်နှံရေးနှိုးဆော်ချက် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

 


သနပ်ပင်  ၊ မေ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် မြို့မစည်ပင်သာယာစျေးနှင့် အနီးပတ်ဝန်းကျင်တွင် ယနေ့နံနက်ပိုင်းက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ နိုင်ငံတော်မှ အခမဲ့ပညာရေးစနစ်ဖြင့် ကျောင်းအပ်နှံရေးသီတင်းပတ်နှိုးဆော်ချက်" နိုင်ငံတော်စဥ်ဆက်မပြတ်ဖွံဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့" လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။

အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်များကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းသန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ လက်ကမ်းစာစောင် (၅၀၀) အား အခမဲ့ဖြန့်ဝေပေးခဲ့ပြီး လက်ကမ်းစာစောင်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် နိုင်ငံတော်မှ အခမဲ့ပညာရေးစနစ်ဖြန့်ဝေစာရင်း၊ ကျောင်းအပ်နှံရေးသီတင်းပတ် ၂၀၂၆ ခုနှစ်၊ မေလ ၂၅ ရက်နေ့မှ မေလ ၃၁ ရက်နေ့ထိ၊ နိုင်ငံတော်ဖွံ့ဖြိုးဖို့ပညာရေးကို အားပေးစို့၊ ကျောင်းအပ်နှံရာတွင် သိရှိရမည့်အချက်များ၊ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမတက်နိုင်သော ကလေးများ၊ Grade-9 အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ၊ Grade-12 အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ၊ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အသိပေးကြေညာချက်များ စသည့်အကြောင်းအရာများပါဝင်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)