ကျောက်ဆည် ၊ မေ ၇
စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်သည် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးနှင့်တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများနှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ယနေ့နက်ပိုင်းက ၂၀၂၅-၂၀၂၆ ခုနှစ်၊ အင်ဒိုင်းကျေးရွာတွင်စိုက်ပျိုးထားသော နွေစပါးမျိုးစေ့ထုတ်ဧက(၁၀၀)စိုက်ခင်းအား ကြည့်ရှုစစ်ဆေးပြီး မျိုးစေ့ထုတ်တောင်သူများနှင့် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မျိုးစေ့ထုတ်တောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကာ မျိုးစေ့စိုက်ပျိုးထုတ်လုပ်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကိုမေးမြန်းခဲ့ရာ တောင်သူများက သိရှိလိုသည်များကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းဖြေကြားခဲ့ပြီး တောင်သူများအဆင်ပြေစေရေး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)
https://t.me/MyanmarNationalPost
No comments:
Post a Comment