မေ - ၇ ( ကြာသပတေးနေ့ )
တနင်္လာနေ့က ဆူဒန်နိုင်ငံက ခါတွမ်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဒရုန်းတိုက်ခိုက်မှုဖြစ်ပွားရာ အီသီယိုးပီးယားနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တို့ ပါဝင်ပတ်သက်ကြောင်း ဆူဒန်အစိုးရရဲ့ စွပ်စွဲချက်များကို ၎င်းတို့ ၂ နိုင်ငံက ငြင်းဆိုလိုက်ပါတယ်။
ဆူဒန်နိုင်ငံခြားရေးဝန်ကြီး နဲ့ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူတို့က ဆူဒန်မြို့တော် ခါတွမ်ရှိ အဓိကပစ်မှတ်တွေကို တိုက်ခိုက်ဖို့အတွက် အီသီယိုးပီးယားရှိ ဘာဟာဒါ လေဆိပ်မှ ဒရုန်းတွေထွက်လာခဲ့တယ်ဆိုတာ ခိုင်လုံတဲ့ သက်သေအထောက်အထားများရှိကြောင်း အင်္ဂါနေ့တွင် ပြောကြားခဲ့ပါ။
တာဝန်ရှိသူများက S88 အမှတ်အသားနဲ့ ဒရုန်းတွေက ယူအေအီးနှင့် ဆက်နွှယ်နေတယ်လို့လည်း ဆိုပါတယ်။ အီသီယိုးပီးယားပိုင်နက်မှ ဆူဒန်လေပိုင်နက်သို့ ဖြတ်ကျော်ကာ ဝင်ရောက်လာခဲ့တယ်ဆိုတာကိုလည်း ခြေရာခံခဲ့ပြီး တာဝန်ရှိသူများက နည်းပညာဆိုင်ရာ အချက်အလက်များကို တင်ပြခဲ့ပါတယ်။ အခုတော့ ဆူဒန်က အီသီယိုပီးယားမှာ ဆူဒန်သံအမတ်ကြီးကို ပြန်လည်ခေါ်ယူခဲ့ပါတယ်။
အီသီယိုပီးယားဘက်ကတော့ အဆိုပါစွပ်စွဲချက်များကို "အခြေအမြစ်မရှိ" အဖြစ် ပယ်ချခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့က ထုတ်ပြန်ခဲ့တဲ့အပြင် ဆူဒန်ပြည်တွင်းစစ်တွင် "သူပုန်အချို့" က အီသီယိုးပီးယား၏ နယ်မြေစိုးမိုးရေးနှင့် အမျိုးသားလုံခြုံရေးကို ပြင်းပြင်းထန်ထန် ချိုးဖောက်နေတယ်လို့လည်း ပြန်လည် စွပ်စွဲခဲ့ပါတယ်။
တိုက်ဂရေး ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (TPLF) က အီသီယိုးပီးယားနိုင်ငံ မြောက်ပိုင်း တိုက်ဂရေး ဒေသမှ နိုင်ငံရေးနှင့် လက်နက်ကိုင် လှုပ်ရှားမှုတစ်ခုကို ၂၀၁၈ ခုနှစ်မှာ စလုပ်ခဲ့ပါတယ်။ ၎င်းက ဆယ်စုနှစ်များစွာ လွှမ်းမိုးထားတဲ့ ဆူဒန် ညွန့်ပေါင်းအစိုးရနဲ့ ၂၀၂၀ ကနေ ၂၀၂၂ ခုနှစ်အထိ နှစ်နှစ်ကြာ ရက်စက်ကြမ်းကြုတ်သော စစ်ပွဲကို ဆင်နွှဲခဲ့ပါတယ်။ လူသောင်းနဲ့ချီ သေဆုံးခဲ့ပြီး စစ်ဘေးရှောင် သန်းပေါင်းများစွာ ဖြစ်ခဲ့ပါတယ်။
Ref: RT
#MNP #News

No comments:
Post a Comment