တမီလ်နာဒူး ရွေးကောက်ပွဲမှာ ဗီဂျေ အပြတ်အသတ်အနိုင်ရပြီးနောက် သူ ပြောခဲ့တဲ့ စကားက အွန်လိုင်းပေါ်မှာ ပလူပျံသွား - Myanmar National Post

Myanmar National Post

News Agency

Breaking

တမီလ်နာဒူး ရွေးကောက်ပွဲမှာ ဗီဂျေ အပြတ်အသတ်အနိုင်ရပြီးနောက် သူ ပြောခဲ့တဲ့ စကားက အွန်လိုင်းပေါ်မှာ ပလူပျံသွား


 မေ - ၇ (  ကြာသပတေးနေ့ ) 

တမီလ်နာဒူးရွေးကောက်ပွဲတွင် တစ်ခုတည်းသော အကြီးဆုံးပါတီအဖြစ် ပေါ်ထွက်လာတဲ့ နိုင်ငံရေးပါတီ တမီလ်လာဂါ ဗတ်ထရီကာဇာဂမ် (TVK) က တမီလ်ရုပ်ရှင်မင်းသား စူပါစတား ဗီဂျေကို တစ်နေ့တွင် ဝန်ကြီးချုပ်  ဖြစ်လာရန် ရည်မှန်းထားပါတယ်။ 

ဗီဂျေရဲ့ ရုပ်ရှင်ကား တစ်ကားဖြစ်တဲ့ ဆာကာ ရဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာ သူက “ကျနော်က ဝန်ကြီးချုပ်လို သရုပ်ဆောင်ပြမှာ မဟုတ်ဘူး၊ ဝန်ကြီးချုပ် တကယ်လုပ်မှာ” လို့ပြောခဲ့တဲ့ ဗီဒီယိုဖိုင်အတိုလေးက အိန္ဒိယနိုင်ငံက အွန်လိုင်းပေါ်မှာ ပလူပျံသွားပါတယ်။ 

အခုပလူပျံနေတဲ့ ဗီဒီယိုက လွန်ခဲ့တဲ့ ၇ နှစ်( ၂၀၁၈) တုန်းက သူရိုက်ခဲ့တဲ့ ဆာကာ ဆိုတဲ့ ရုပ်ရှင်ရဲ့ ဇာတ်ဝင်ခန်းဖြစ်ပြီး အဲ့ဒိစကားကြောင့် ဗီဂျေက နာမည်ကြီးသထက်ကြီးလာခဲ့တာပါ။ မင်းသားရဲ့ပါတီ က ပါလီမန်မှာ ၁၀၈ နေရာ အနိုင်ရခဲ့တာကြောင့် တမီလ်နာဒူးရဲ့ နောက်ထပ် ဝန်ကြီးချုပ် အသစ် ဖြစ်လာတော့မှာဖြစ်တာကြောင့် သူပြောခဲ့တဲ့စကားတွေက  အမှန်တကယ်ဖြစ်လာခဲ့ပါပြီ။ 

TVK ပါတီက တမီလ်နာဒူး ရွေးကောက်ပွဲတွင် တစ်ခုတည်းသော အကြီးဆုံးပါတီအဖြစ် ပေါ်ထွက်ခဲ့ပေမဲ့ ပါလီမန် အဖွဲ့ဝင် ၂၃၄ ဦးရှိတဲ့ တမီလ်နာဒူးလွှတ်တော်တွင် အများစု ၁၁၈ နေရာ ထက်တော့ နည်းနည်း လျော့နေပါတယ်။ 


REF: money control

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)